မြန်မာနိုင်ငံတွင် အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကား ကုမ္ပဏီနှင့် သဘောတူ လက်မှတ် ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ် ကိုင် မည့် မြန်မာနိုင်ငံ ဘက်မှ Capital Automotive ကုမ္ပ ဏီ အကြီးအကဲ ကပြောကြားသည်။ရန်ကုန်မြို့၌ ပထ မဦး ဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအ ရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွား မည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Autom otive မှ ဒါရိုက်တာဦး ခင်ထွန်း ကပြောသည်။
ဖို့ဒ် ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပ ဏီအနေဖြင့် မြန်မာဈေး ကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော် လည်း အသေးစိတ် အချက်အလက် များကိုမူ ပြောကြားခြင်းမရှိသေးပေ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်