BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, March 17, 2013

အန္တရာယ်ရင်ဆိုင်ရလျှင် အလိုအလျောက် ဘရိတ်အုပ်သွားမည့်ကား

နောက်ဆုံးပေါ် Volvo ကားတွင် တပ်ဆင်ထားသည့် အာရုံခံ ကိရိယာများတွင် လမ်းသွားလမ်းလာများနှင့် လမ်းပေါ်ရှိ လူများကိုသာမက အရာဝတ္ထုများကို မတိုက်ခင် ကြိုတင်အာရုံခံပြီး အလိုအလျောက် ဘရိတ်အုပ် သွားမည်ဖြစ်သည်။ ယင်းသို့ အာရုံခံနိုင်ရန် ကားမှန်များတွင် ကင်မရာများကို တပ်ဆင်ထားသည် ဟု သိရသည်။ အဆိုပါ ကားများတွင် ရေဒါအချက်ပြ နည်းပညာကို သုံးစွဲထားပြီး ကင်မရာနှင့် အာရုံခံ ကိရိယာများကို ကွန်ပျူတာများနှင့် ချိတ်ဆက်ထား သည်။ထို့ကြောင့် ယာဉ်မောင်းသူအဖြင့် ယာဉ်တိုက် မှုဖြစ်မည့် အချိန်တွင် ဘရိတ်အုတ်ရန် သတိမေ့နေ လျှင် ကွန်ပျူတာ စနစ်များနှင့် ချိတ်ဆက်ထားသော အာရုံခံ ကိရိယာများက အလိုအလျောက် ဘရိတ်အုပ် ပေးသွားမည် ဖြစ်သောကြောင့် ယာဉ်တိုက်မှု အန္တရယ် ကို လျှော့ချနိုင်တော့ မည်ဖြစ်သည်။ သို့သော် ယင်းသို့ ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် ဘရိတ်မအုပ်မီ ယာဉ်မောင်းသူကို အသံဖြင့် သတိပေးမည် ဖြစ်သကဲ့ သို့ မီးနီများဖြင့်ကြိုတင် အချက်ပြမည်ဖြစ်သည်။ထို့ပြင် လေကာမှန်များနှင့် ကားစက်ဖုန်းများ ပေါ်တွင်လည်း အချက်ပြသကေ တများ ပေါ်လာမည်ဖြစ်သည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်