Wednesday, May 29, 2013
မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံး သူများထဲတွင် ဒိန်းဒေါင်ဇနီး ပါဝင်
Labels:
မြန်မာသတင်း
Subscribe to:
Post Comments (Atom)
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် မေ ၂၅ ရက်နေ့က တိမ်းမှောက် ခဲ့သော မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် တိမ်းမှောက် မှုကြောင့် သေဆုံးသူများ ထဲတွင် သရုပ်ဆောင် လူရွှင်တော် ဒိန်းဒေါင်၏ ဇနီး မအေးအေးမွန် ပါဝင်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း ရဲစခန်း အပိုင်၊ မိုင်တိုင်အမှတ် ၁၂၅/၄ ဖာလုံ ခန့်တွင် မန်းရွှေမြို့တော် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ဘီးချော်မှုကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရသူ ၁၅ ဦီး ရှိခဲ့သည်။ သေဆုံး သူထဲမှ ငါးဦးကို မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ဖြူးမြို့၊ အနောက်ဘက် သုသာန်၌ နာရေးကူညီမှု အသင်း (ရန်ကုန်)က တာဝန်ယူ သဂြို င်္ဟ်ပေးခဲ့သည်။ ပျံလွန် တော်မူသွားသည့် သံဃာတော် တစ်ပါးကို ဖြူးမြို့ မြို့ထောင်ကျောင်း ပဓာန နာယက ဆရာတော်က ကြီးမှူးကာ မီးသဂြိုင်္ဟ်ပေးခဲ့ကြောင်း သိရသည်။ ကျန်ရှိ အလောင်းများကို နာရေး ကူညီမှုအသင်း (ရန်ကုန်)၏ အကူ အညီဖြင့် ရန်ကုန်သို့ သယ်ဆောင်ပေး ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်