BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, July 9, 2013

အိပ်ရေးဝအောင် အိပ်ခြင်းဖြင့် အမျိုးအစား(၂) ဆီးချိုသွေးချိုကို ကာကွယ်နိုင်

အိပ်ရေးပျက် ခဲ့သောသူများ အနေဖြင့် အိပ်ချိန် ပြည့်မီအောင် ရုံးပိတ် ရက် ၃ ညတွင် အစားထိုး အိပ်စက်ခြင်း ဖြင့် ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်နိုင်ခြေ အခွင့်အလမ်းလျော့ နည်းစေမှာ ဖြစ်ကြောင်း လေ့လာချက် အရ သိရပါတယ်။ အိပ်ရေးဝအောင် အိပ်ခြင်းအား ဖြင့် သွေးတွင်း သကြားဓာတ် များကို သုံးစွဲနိုင်အောင် ကူညီပေးသော အင်ဆူ လင်ဟော်မုန်း Sensitivity ကို ပိုမို ကောင်းမွန်စေမှာ ဖြစ်ကြောင်း တွေ့ရှိ ထားခြင်းကြောင့် ဖြစ်ပါတယ်။ လူ အများစုဟာ ရုံးဖွင့်ရက်တွေမှာ အလုပ် များခြင်းကြောင့် လည်းကောင်း၊ လူနေ မှု အကျင့်စရိုက်ကြောင့် လည်းကောင်း အိပ်ရေးမဝဘဲ ရှိတတ်ကြ ပါတယ်။ သူတို့ဟာ တာရှည်အိပ်ရေးပျက်လာ လျှင် ဆီးချိုသွေးချိုဖြစ်နိုင်ခြေများလာ တတ်ပါတယ်။ ဒါကြောင့် သောကြာ၊ စနေ၊ တနင်္ဂနွေည များတွင် လျော့ နည်းသွားသော အိပ်ချိန်များကို ရအောင် အစားထိုးပြီး အိပ်ခြင်း အားဖြင့် အိပ်ချိန် ပြန်လည် လုံလောက်စေပြီး အမျိုး အစား(၂)ဆီးချို သွေးချိုရောဂါ ဖြစ်နိုင် ခြေ အခွင့်အလမ်း နည်းပါးသွားစေ ခြင်းဖြစ်ကြောင်း သိရပါတယ်။  
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်