BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Wednesday, September 11, 2013

ဓာတ်ဆီ နဲ့ ဒီဇာယ်ကို ဘယ်အချိန်တွေမှာ ဖြည့်သင့်သလဲ

လောင်စာဆီကို အသုံးပြုနေရသော စက်ပစ္စည်းများ အတွက် ဆောင်သင့် ရှောင်သင့်သော အကြံပြုချက် တစ်ချို့ကို ရေးသား လိုက်ရဖြင်း ဖြစ်ပါတယ်။
မိမိ၏ စက်ပစ္စည်း တစ်ခုခုကို ဓာတ်ဆီ သို့မဟုတ် ဒီဇာတ် ဖြည့်တော့မယ် ဆိုရင် နံနက်စောစောပိုင်းနှင့် ညပိုင်းတို့မှာ ဖြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လောင်စာဆီ၏ သဘော သဘာဝက အပူချိန်များလျှင် မြင့်တက်ပါတယ်။ ဒါကြောင့် နံနက်ခင်း အေးနေတဲ့ အချိန် ဒါမှမဟုတ် ညဘက် အေးနေတဲ့ အချိန်တွေမှာ ထည့်သင့် တယ်လို့ ဆိုပါတယ်။ အလွန်ပူနေတဲ့ နေ့လယ် နေ့ခင်းတွေမှ တတ်နိုင်သလောက် မထည့်ပါနဲ့။
တင့်ကား ဒါမှမဟုတ် အသွားအလာနည်းသော ကားကြီးတွေကို ဆီဖြည့်တော့မယ် ဆိုလျှင် အပြည့် မဖြည့်ပါနဲ့။ အဘယ်ကြောင့် ဆိုသော် ၎င်းကားများသည် အသုံးပြုမှု နည်းသောကြောင့် မြေပြင်ပေါ်တွင် ရက်အတန်ကြာ ရပ်နားထား ရသောကြောင့် အလိုအလျောက် ဆီများ အငွေ့ပျံ့ပြီး ခန်းခြောက် သွားနိုင်လို့ပါ။
နောက်ထပ် အကြံပေးချင်တာက ဖုန်စသည့် အမှုန်အမွှားတွေ ပျံ့လွှင့်နေသော နေရာတွေမှာ ဆီမဖြည့်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ဖုန်မုန့်တွေဟာ ဆီတိုင်ဆီ အတွင်းသို့ ရောက်သွားပါက ဆီသွားမယ့် လမ်းကြောင်းကို ပိတ်စေတဲ့ အပြင် ဆီကိုလည်း ညစ်ညမ်းစေပါတယ်။ ဆီများ ညစ်ညမ်းပြီဆိုလျှင် စက်အင်ဂျင်ကို ထိခိုက်စေနိုင်ပါတယ်။
အနည်းဆုံး နှစ်ပတ်တစ်ကြိမ်လောက် ကားဘီးလေများကို စစ်ဆေးပေးပါ။ ကာဘီးများကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးပေးခြင်းဟာ လေလျော့ မလျော့ ကို သိရှိနိုင်ပါတယ်။ ကာဘီးလေ လျော့တာဟာ ဘီးလည်အားကို နည်းကွေး စေတဲ့အပြင် အင်ဂျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘာလို့ အင်ဂျင်ကို ထိခိုက်နိုင်သလဲဆိုရင် လေလျော့နေခြင်းကြောင့် အင်ဂျင်ဆွဲသလောက် ဘီးလိုက် ပြီးမလည်ပါဘူး။ ခရီးဝေးသွားလျှင် ဘီးလေမရှိခြင်းက အသက်တန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်