ချဲလ်ဆီးအသင်း၏ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ကွင်းလယ်လူ မာတာရရှိသွားခဲ့ပြီး
အကောင်းဆုံး လူငယ်ဆုကို နာသန်အက်ကီ ဆွတ်ခူးခဲ့ကြောင်း သိရသည်။ မာတာမှာ ယခုရာသီတွင် ချဲလ်ဆီးအတွက် ၁၉ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၈ဂိုး ဖန်တီးနိုင်ခဲ့သူဖြစ်ပြီး အကောင်းဆုံးဆု ရခဲ့ခြင်းအတွက် အသင်းဖော်များကို ကျေးဇူးတင်သည်ဟုပြောကြားခဲ့သည်။
မာတာက“ အံ့အားသင့်စရာ ကစားသမားတွေရှိတဲ့ ချဲလ်ဆီးလို အသင်းမျိုးမှာ ကစားခွင့်ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ အခုလို ဆုရတဲ့အတွက်လည်း အသင်းဖော်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်”ဟု
ဆိုသည်။ ယခုရာသီအတွက် အကောင်းဆုံးဂိုးဆုကို ချဲလ်ဆီး၂-၂ ဂျူဗင်တပ်နှင့်ပွဲမှ သွင်းဂိုးဖြင့်အော်စကာက ဆွတ်ခူးသွားခဲ့သည်။ ထို့အပြင် ချဲလ်ဆီးအတွက် ဂိုးအများဆုံး သွင်းယူထားသည့် လမ်းပတ်မှာ ရော်ဘီတမ်ဘလင်း ပေးအပ်သော အထူးအသိအမှတ်ပြုဆု ရရှိခဲ့ကြောင်း သိရသည်။

Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်