မိုဟာမက်အလီ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့သည့် ပြိုင်ပွဲတွင် ၀တ်ဆင်ခဲ့သည့်
လက်အိတ်မှာ ပေါင် ၃၀၂၀၀၀ဖြင့်လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။ မိုဟာမက်အလီမှာ ၁၉၆၄ခုနှစ်တွင် ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် ဆွန်းနက်လစ်တန်ကို အမှတ်ဖြင့် အနိုင်ယူကာ ပထမဆုံး ဟဲဗီးဝိတ်ချန်ပီယံ ရွှေခါးပတ် ရရှိခဲ့ပြီး ထိုစဉ်က ၎င်းဝတ်ဆင်ခဲ့သည့် လက်အိတ်ကို ၎င်း၏လေ့ကျင့်ရေးမှုးဟောင်း ဒန်ဒီက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။
နယူးယောက်မြို့တွင် ကျင်းပနေသည့် အမွေအနှစ်ပစ္စည်းများ လေလံပွဲတွင် မိုဟာမက်အလီ၏ လက်အိတ်လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး အားကစားလောကမှ ရှေးဟောင်း ပစ္စည်းများ စုဆောင်းသည့်ကုမ္ပဏီ ဒါရိုက်တာ ခရစ်အိုင်ဗီက မိုဟာမက်အလီမှာ လက်ဝှေ့လောကနှင့် အမေရိက၏ ပြယုဂ်ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးကို ပိုင်စိုးထားသူဟု ဂုဏ်ပြုခဲ့သည်။ မိုဟာမက်အလီမှာ ကက်စီးယက်စ်ကလေးဟူသော အမည်ဖြင့် လက်ဝှေ့လောကသို့ ၀င်ရောက်လာခဲ့သော်လည်း အစ္စလာမ်ဘာသာ ပြောင်းခဲ့ပြီးနောက် မိုဟာမက်အလီဟု အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်