LG Electronics မှ ထုတ်လုပ် လိုက်သည့် ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ကွေး စမတ် ဖုန်းဖြစ်သည့် “G Flex” ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်မည့် မိုဘိုင်းဖုန်းနှင့် Tablet ပြပွဲတွင် ပထမဦးဆုံး မိတ်ဆက် ပြသသွား မည်ဖြစ်သည်။
“မိုဘိုင်းဖုန်းနဲ့ Tablet Fair တွင် G Flex ကို စတင်မိတ်ဆက်မှာဖြစ်ပါတယ်။ ၀ယ်ယူချင်တဲ့သူတွေအနေနဲ့ လည်း Pre-order ကို လက်ခံသွားမှာဖြစ် ပါတယ်။ မတ်လတွင် မြန်မာနိုင်ငံမှာ စတင်ရောင်းချ သွားမှာပါ”ဟု LG Electronics Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါဖုန်းသည် မျက်နှာပြင်အရွယ်အစား ၆လက်မ Curved P-OLED နည်းပညာနှင့်ဖြစ်ပြီး ရုပ်ထွက် Resolution 1280×720 Pixels ဖန်တီးထားတာပါ။ သုံးစွဲထားတဲ့ CPU က 2.26 GHz Quad-Core ဖြစ်ကာ Snapdragon 800 ချစ်ပ် တပ်ဆင်ထားပါသည်။ ဖုန်း၏ ရုပ်ထွက်၊ ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းများအတွက် GPU ကိုလည်း Adreno 330 သုံးစွဲထားတာကြောင့် ဂရပ်ဖစ်ပိုင်းမှာ အမြင့်မားဆုံး စမတ်ဖုန်းတစ်လုံးဖြစ်သည်။ RAM 2GB ဖြစ်ကာ ဖုန်းတွင်းမှတ်ဉာဏ် 32GB စီစဉ်ပေးထားပါသည်။
ထူးခြားချက် အနေဖြင့် ၃၂ ကီလိုဂရမ် (၇၀ ပေါင်ခန့်) အထိ ဖိအားခံနိုင်ရည်ကို ခံနိုင်ပြီး နောက်ကျောမျက်နှာပြင် အနေဖြင့် သာမန်စင်းရာခြစ်ရာများကို နှစ်မိနစ်အတွင်း ပြန်ပျောက်သွားစေသည့် နည်းပညာပါရှိသည်။
ယခုဖုန်းမှာ သုံးစွဲထားတဲ့ ဘက္ထရီကတော့ 3500 mAh ဖြစ်ပြီး ကင်မရာ အရည်အသွေးက 13 MP ဖြစ်ကာ အန်းဒရွိုက် OS ဗားရှင်း 4.3 (Jelly Bean) သုံးစွဲထားပါသည်။ ဖုန်းရဲ့ အလေးချိန် ၁၇၇ ဂရမ်ရှိပြီးတော့ GSM, WCDMA ကိုင်ဆောင် သုံးစွဲသူတွေအတွက် ဖြစ်ပါတယ်။ ဆက်သွယ်ရေး စတုတ္ထမျိုးဆက် စနစ်သစ်ဖြစ်တဲ့ 4G LTE စနစ်အထိပါ ချိတ်ဆက် သုံးစွဲနိုင်ပါသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်