BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, June 5, 2011

Fwd: [z-i-eu] နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော



---------- Forwarded message ----------
From: Peter Thawng <zangsivon@gmail.com>
Date: 2011/6/4
Subject: [z-i-eu] နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
To: z-i-eu@yahoogroups.com


 
နျူကလီးယားကိစ္စ ရပ်ဆိုင်းထားဟု ဒုသမ္မတပြော
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ်
မဇ္ဈိမသတင်းဌာန ။ ။ နိုင်ငံတကာက သံသယ ဖြစ်လာမှာစိုးသဖြင့် နျူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းထားကြောင်း မြန်မာအစိုးရ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို ပြောဆိုခဲ့ကြောင်း သောကြာနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

မစ္စတာဂျွန်မက်ကိန်းနှင့် အဖွဲ့အား ကြာသပတေး နေ့ခင်းပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် သီဟသူရ ဦးတင်အောင်မြင့်ဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသနလုပ်ငန်း ဆောင်ရွက်ရန် စီမံခဲ့ပါကြောင်း၊ ခေတ်နောက်ကျ မကျန်ရအောင် နျူကလီးယားနှင့် ပတ်သက်၍ အခြေခံသဘော နားလည်စေရန်နှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများတွင် ဆက်စပ် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့ပါကြောင်း၊ နျူကလီးယား လက်နက် ထုတ်လုပ်ရန် စဉ်းစားနိုင်မှု မရှိခဲ့သည့်အပြင် စီးပွားရေး အခြေအနေအရလည်း စဉ်းစားနိုင်ရန် မရှိပါကြောင်း၊ သို့ရာတွင် နျူကလီးယားကိစ္စ အပေါ် နိုင်ငံတကာ အမြင်တွင် တမျိုးတမည် ဖြစ်လာသည့်အတွက် ယင်းအစီအစဉ်ကိုပင် ရပ်ဆိုင်းထားပြီး ဖြစ်ပါကြောင်း'' ဟူသော ဒုသမ္မတ ပြောဆိုချက်ကို သတင်းစာက ရေးသားထားသည်။

ထို့အပြင် ကမ္ဘာ့မိသားစုဝင် နိုင်ငံတနိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံခဲ့ကြောင်း၊ သို့သော် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ နှင့် ၁၈၇၄ ပါ ပြဋ္ဌာန်းချက်များ ထုတ်ပြန်ပြီးနောက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ပီသစွာ အဆိုပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်လျက် ရှိသည်ဟုလည်း ပါရှိသည်။

ဂျွန်မက်ကိန်းဘက်ကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီ၏ စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ရှိသည်ဟု ကြားသိရကြောင်းနှင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီကို မြန်မာနိုင်ငံသို့ လာရောက်လေ့လာခွင့် ပြုစေလိုကြောင်း ပြောခဲ့သည်။

ထိုသို့သော ပြောဆိုချက်အပေါ် မြန်မာဒုသမ္မတက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ မရှိပါကြောင်း၊ ကြက်ခြေနီ အဖွဲ့အစည်းများကိုလည်း ယခင်က လက်ခံ စီစဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့သော် ၎င်းတို့အနေဖြင့် လုပ်ပိုင်ခွင့် အတိုင်းအတာထက် ကျော်လွန်ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည့်အတွက် ထပ်မံ ခွင့်မပြုတော့ခြင်း ဖြစ်ပါကြောင်း၊ သို့သော် အဆွေတော်အနေဖြင့် အလေးအနက်ထား၍ ဆွေးနွေးခဲ့သဖြင့် အဆင်ပြေသည့် အချိန်တွင် စဉ်းစားဆွေးနွေး ဆောင်ရွက်ပေးမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

ထို့နောက် မစ္စတာ မက်ကိန်းက သတင်းဖော်ပြချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လအတွင်း ရန်ကုန်နယ်နိမိတ် ပြင်ပဒေသများသို့ ခရီးသွားရောက်မည်ဟု သိရှိပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ခွင့်ပြုမည်ဟု ယူဆပါကြောင်း သဘောထား ပေးခဲ့သည်။

ထိုပြောဆိုချက်နှင့် ပတ်သက်၍ တိတိကျကျ ဖြေဆိုခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား သာမန်အရပ်သား တဦးအဖြစ် သဘောထားပါကြောင်း၊ ဥပဒေနှင့် အညီ သွားလာလှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ကြောင်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပြန်လည်ဖြေသည်။
__._,_.___
Recent Activity:
.

__,_._,___



--
ဖိုးခိုင်
Czech Cepublic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်