BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 23, 2011

ဆိုမာလီယာ တောင်ပိုင်းဒေသများတွင် အငတ်ဘေး

b41629
ဆိုမာလီယာ တောင်ပိုင်းဒေသများတွင် အငတ်ဘေး ကြုံနေရကြောင်း ကုလသမဂ္ဂက ဇူလိုင်လ ၂၀ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အနှစ် ၆၀ အတွင်း အဆိုးရွားဆုံး မိုးခေါင် ရေရှားမှုနှင့် ရင်ဆိုင်နေရသော ဆိုမာလီယာ နိုင်ငံသား သန်းပေါင်းများစွာသည် အစာရေစာ ရရှိရန် အိမ်နီးချင်း နိုင်ငံများသို့ ရက်နှင့်ချီ လမ်းလျှောက် ထွက်ခွာနေရသည့် အခြေအနေမျိုး ရောက်ရှိနေချိန်တွင် ကုလက ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
စစ်ပွဲဒဏ်ကြောင့် ပျက်စီးနေသော နိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး၊ လူ ၃ ဒသမ ၇ သန်းခန့်သည် စားနပ်ရိက္ခာ အကျပ်အတည်း ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ချက်ချင်း အရေးယူ မဆောင်ရွက်ပါက အငတ်ဘေးသည် နှစ်လ အတွင်း တောင်ပိုင်းဒေသ ၈ နေရာလုံးသို့ ပျံ့နှံ့သွားမည် ဖြစ်ကြောင်း ဆိုမာလီယာဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သူ မာ့ဘောင်ဒင် က ပြောကြားခဲ့သည်။
ကုလသမဂ္ဂက တောင်ပိုင်း ဘာကူလ်(Bakool)နှင့် ရှာဘယ်လီအောက်ပိုင်း(Lower Shabelle) ဒေသ တို့ကို အငတ်ဘေး ကြုံနေရသောဒေသ အဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ထုတ်ပြန်ခဲ့ပြီး မကြာမီပင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ဆိုမာလီယာနှင့် ကင်ညာရှိ ဆိုမာလီ ဒုက္ခသည်များ အတွက် ထပ်တိုး အလှူငွေ အမေရိကန် ဒေါ်လာ ၂၈ သန်း ထပ်မံ ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာသည်။ ယခုနှစ်အတွင်း ဆိုမာလီ အတွက် အကူအညီ ၄၃၁ သန်း ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
မိုးခေါင်ရေရှားမှု ဆိုးရွားစွာ ကြုံတွေ့ရခြင်း၊ သီးနှံပျက်ခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ သေဆုံးခြင်း၊ ကုန်ဈေးနှုန်းတက်ခြင်း၊ ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် အရှေ့အာဖရိကရှိ နိုင်ငံအချို့တွင် ပြည်သူ သန်းပေါင်းများစွာမှာ
အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။ ကင်ညာ၊ အီသီယိုးပီးယား၊ ဂျီဘောင်တီ၊ ယူဂန္ဓာ၊ ဆိုမာလီယာ နိုင်ငံတို့မှ လူ ၁၁ သန်းခန့်မှာ အငတ်ဘေးဒုက္ခ ကြုံနိုင်ကြောင်း ကုလက ပြောကြားခဲ့သည်။

Source : http://www.weeklyeleven.com/index.php?option=com_content&view=article&id=9466:2011-07-20-19-11-28&catid=79:internationalnews&Itemid=156



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်