BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, July 23, 2011

ကွန်ပျူတာဆိုင်ရာပြသနာများကို ကြုံတွေ့နေရသူများအား ကူညီပေးပါမည်။

good news...............
ကွန်ပျူတာတစ်လုံးကိုယ်ပိုင်ရှိသူတွေအတွက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် ကွန်ပျူတာကပေးတဲ့အမှားတွေ.Errorတွေ..Virus နှိပ်စက်လို့ ပျက်စီးသွားရခြင်းတွေ
ကိုကြုံတွေ့ကြရပါတယ်..အဲဒီအတွက် ကျွန်တော်က ကျွန်တော်ချစ်တဲ့ ချစ်သူမြို့တော်က
မန်ဘာတွေအားလုံးအတွက် အထူးအကူအညီပေးလိုတဲ့အနေနဲ့..ကွန်ပျူတာဆိုင်ရာအမေး
အဖြေများကို အောက်ဖော်ပြပါ Account များကိုအပ်ထားခြင်းဖြင့်ပြန်လည်ဖြေကြားပေးမည်
ဖြစ်ပါသည်။

ကျွန်တော်နေထိုင်ရာ နေပြည်တော်၊ရေဆင်းနယ်မြေတွင် YezinTechGroup ကိုဖွဲ့စည်းထား
ပြီး..ကွန်ပျူတာပြသနာများကိုမေးမြန်းသူတွေအတွက် ပြန်လည်ဖြေကြားရန် အလှည့်ကျစနစ်
ဖြင့်သက်ဆိုင်၇ာကျွမ်းကျင်သူများကို တာဝန်ပေးထားပြီးဖြစ်ပါသည်။ကျွန်တော်တို့အနေဖြင့်
Windows, System, Hardware, Software များကိုသာအဓိကထားပြီး မေးမြန်းချက်များကို
ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။

ကျွန်တော်တို့ဒီလိုဖွဲ့စည်းထားရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာအိုင်တီလောကဖွံ့ဖြိုးတိုးတက်ရေး၊ မည်သူမဆို ကွန်ပျူတာနှင့်ပက်သက်သောအသိပညာဗဟုသုတရရှိရေး၊ မိမိတတ်ထားသော ပညာဖြင့် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှအကျိုးပြုနိုင်ရေး..စသည်ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်း
ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် အတတ်နိုင်ဆုံး ပြန်လည်ဖြေကြားပေးပါမည်။
စိတ်ပါဝင်စားသူများအနေဖြင့်လည်း ကိုယ်တိုင်ပါဝင်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။

6:00PM>>9:00PM အထိ shwemyotaw@blumail.org မှဖြေကြားပေးမည်ဖြစ်ပါသည်။
9:00AM>>11:00PM အထိ mr.bawat@gmail.com မှဖြေကြားပေးမည်ဖြစ်ပါသည်။

စနေနှင့်တနင်္ဂနွေနေ့များတွင်အထက်ပါ အကောင့်နှစ်ခုမှ တစ်နေကုန်ဖြေကြားပေးမည်ဖြစ်ပါ
သည်။ပါဝင်ဆွေးနွေးဖြေကြားပေးလိုသူ ကျွမ်းကျင်သူများကိုလည်း ဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ

မေးမြန်းလိုသူများအနေဖြင့် အထက်ပါအကောင့်နှစ်ခုကိုသာဆက်သွယ်ပေးပါ။

စေတနာမှန်လျှင်အကျိုးပေးပါသည်…။



--
ဖိုးခိုင်
Czech Republic

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်