ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။ သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများ မဟုတ်ကြပါဘူး။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင် မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။

Ovahimba လူမျိုး ကလေးငယ်များ
Ovahimba လူမျိုး ကလေးငယ်များ
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ
သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။
ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်း)
ဒီပုံကတော့ အိမ်ထောင်သည်အမျိုးသမီးရဲ့ မခို့တရို့အလှပါ။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။
အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့ အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။
( ရေချိုးပျင်းသူများ၊ အဝတ်လျှော်ရမှာ ပျင်းသူများအတွက်တော့ Ovahimba လူမျိုးနွယ်စုတွေ နေထိုင်တဲ့ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ သွားနေကြည့်ဖို့ အကြံပေးချင်ပါတယ်
--
ဖိုးခိုင်
Czech Republic
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်