- 31 August 2011
- Olympic Sports
ပြီးခဲ့သည့် အပတ်က မုံရွာတွင် ဇေယျာရွှေမြေနှင့် ရန်ကုန်ယူနိုက် တက်တို့ ယှဉ်ပြိုင် ကစားသော မြန်မာ နေရှင် နယ်လိဂ်ပွဲစဉ်၌ ဇေယျာရွှေမြေ အသင်း ပရိသတ် များသည် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ဂျူဗီနယ်အား အသား အရောင်ခွဲခြား ဆက်ဆံ ခဲ့ပြီး ထိုဖြစ်ရပ်အတွက် စိတ်ပျက်ဝမ်းနည်း မိကြောင်း ဂျူဗီနယ်က ဖွင့်ဟ သွားခဲ့သည်။ ထိုပွဲစဉ်တွင် အိမ်ရှင် အသင်းပရိသတ် များသည် ရန်ကုန် ယူနိုက်တက်အသင်းမှ တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် ချားစ်အိုဘီနှင့် ဂျူ ဗီနယ်တို့ကို Monkey...Monkey ဟု အော်ဟစ် လှောင်ပြောင် ခဲ့ကြပြီး ကွင်း အတွင်း သို့လည်း ငှက်ပျောသီးများဖြင့်ပစ်ပေါက်မှုများရှိခဲ့သည်။ အဆို ပါဖြစ်ရပ်နှင့် ပတ်သက်၍ ဂျူဗီနယ်က "အသားအရောင် ခွဲခြား ဆက်ဆံတယ်ဆိုတာ အလွန်ရှက်စရာ ကောင်းတဲ့၊ မယဉ်ကျေးတဲ့ အပြုအမူတစ်ခုပါ၊ ဒီလိုနိုင်ငံမှာ ဒီလိုအဖြစ် အပျက်မျိုးကြုံ ရမယ်လို့ ထင်မထားပါဘူး၊ စိတ်လည်းပျက်မိသလို၊ ဝမ်းလည်းနည်းမိပါ တယ်၊ ခင်ဗျားကို လူတွေဝိုင်း ကြည့်ပြီး မျောက်လို့ လက်ညှိုး ထိုးအော်ဟစ် နေမယ်ဆိုရင် ဘယ်လို ခံစားရမလဲဆိုတာ ကိုယ်ချင်းစာကြည့် လိုက်ပါ" ဟု ပြောသွား ခဲ့သည်။ ထိုနေ့က ပွဲစဉ်တွင် ဇေယျာရွှေ မြေသည် ရန်ကုန် ယူနိုက်တက်ကို ၃-၁ ဖြင့် အနိုင်ရခဲ့ ရာ၌ အိမ်ရှင် ပရိသတ်များ၏ အားပေးမှုက အဓိက ဖြစ် စေခဲ့သော်လည်း ပြိုင်ဘက်ကစား သမားကို အသား အရောင် ခွဲခြား ဆက်ဆံခြင်း မှာ အံ့ဩစရာဖြစ်ရပ်ဟု ဆိုနိုင်၍ မြန်မာ ဘောလုံး လောကတွင် ထပ်မံမဖြစ်ပွားရန် အထူးကြပ်မတ်သင့်ကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကမူ ထိုဖြစ်ရပ်အား အချက် အလက် ခိုင်လုံစွာဖြင့် တိုင်ကြား လာမည်ဆိုပါက စုံစမ်းအရေးယူမှု ပြုလုပ်မည်ဟု ပြောခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် အသင်းဘက်မှ တိုင်ကြား ရန် အစီအစဉ် မရှိကြောင်း သိရှိရသည်။ သို့သော် ထိုဖြစ်ရပ်အား လျစ်လျူရှုထား မည်ဆိုပါက မြန်မာဘောလုံးလောကတွင် အသားအရောင် ခွဲခြား ဆက်ဆံသည့် ပြဿနာ တစ်ရပ် ထပ်မံတိုး လာမည် ကိုစိုးရိမ်မိ ကြောင်း ပရိသတ် အချို့မှာ သုံးသပ် နေကြသည်။
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်