ဗလင်စီယာ အသင်းမှ ပေါင် ၂၉ သန်းဖြင့် ချယ်လ်ဆီး အသင်းသို့ ပြောင်း ရွှေ့ရောက်ရှိ သွားခဲ့သော တောင်ပံ ကစားသမား ဂျူအန်မာတာအား စပါး နည်းပြ ဟယ်ရီရက်နက်ပ်က ငွေမက်သူ တစ်ဦးဟု စွပ်စွဲပြောဆိုလိုက်သည်။ မာတာအားခေါ်ယူရန် အလွန် နီးစပ်သည့် အခြေအနေ ရောက်ရှိခဲ့သော စပါး အသင်းမှာ ချယ်လ်ဆီး အသင်း၏ ကြား ဖြတ်ခေါ်ယူမှုကြောင့် မခံမရပ်နိုင် ဖြစ်နေ ကြောင်းလည်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။ မာတာနှင့် ပတ်သက်၍ စပါးနည်းပြ ဟယ်ရီရက်နက်ပ်က "မာတာ ကိုခေါ်ယူဖို့ အတွက် ကျွန်တော်တို့ အသင်း က အလွန်ကို နီးစပ်တဲ့ အနေအထားကို ရောက်ရှိခဲ့တာပါ။ ဒါပေမယ့် ငွေကြေး တစ်ခုတည်း အတွက်နဲ့ မာတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကိုပြောင်းလဲခဲ့ပြီး ချယ်လ်ဆီး အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်" ဟု စပါးအသင်းပိုင် ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
-- Thursday, September 1, 2011
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်