
ဗဟိုခံစစ် ကစားသမား ကားလို့စ်က ၎င်း၏ အသင်းသည် အသက်(၂၇)နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တီဗက်ဇ်ကို ခေါ်ယူခြင်းဖြင့် အကောင်းဆုံး တိုက်စစ် မြှင့်တင်မှု တစ်ခုကို ပြုလုပ် နိုင်မည်ဟု ယုံကြည်နေသည်။ အန်ဇီး၏ ယာယီနည်းပြ ရောဘတ်တို ကားလို့စ်က အသင်းကို ရီးယဲလ် မက်ဒရစ်၊ ဘာစီလိုနာတို့ ကဲ့သို့ အဆင့်မျိုး ဖြစ်လာစေလိုကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပြီး မကြာမီမှာပင် ကားလို့စ်ကပါ ယခုလို မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ တီဗက်ဇ်သည် လက်ရှိတွင် မန်ချက်စတာ စီးတီး၌ လူစားဝင်ရန် ငြင်းပယ်မှုကြောင့် ပွဲကစားခွင့် ဆိုင်းငံ့ ခံထားရသည်။

အန်ဇီး အသင်းမှ ခေါ်ယူချင်နေသည့် တီဗက်ဇ်
ကားလို့စ်က "အန်ဇီးက တီဗက်ဇ်ကို ခေါ်လိုက်ပြီ ဆိုတဲ့ သတင်းမျိုး ကြားချင်ပါတယ်။ သူဟာ သိပ်ကို ထူးချွန်ပြီး သန်မာတဲ့ တိုက်စစ် သမားပါ။ တီဗက်ဇ်ကို ခေါ်လိုက်ရင် အန်ဇီးအတွက် သေချာပေါက် ကောင်းကျိုးတွေ ရလာမှာပါ" ဟု ပြောကြားခဲ့သည်။ အန်ဇီးသည် နွေရာသီက အင်တာမီလန် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးကိုလည်း ပေါင်စတာလင် သန်း(၂၀)ကျော် အသုံးပြုကာ ခေါ်ယူထားပြီး ဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် အသင်းသည် ရုရှား အဆင့်မြင့်တန်းတွင် ရုန်းကန်နေပြီး အဋ္ဌမ နေရာတွင်သာ ရပ်တည်လျက် ရှိနေသည်။
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်