BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, October 8, 2011

ဂေါ်ကက်ဖ်ကို ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း ၀င်းဂါး အတည်ပြု

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ယိုအန် ဂေါ်ကက်ဖ်အား ခေါ်ယူရန် စိတ်ဝင်စား နေကြောင်း အတည်ပြု ပြောကြားလိုက်သည်။

နွေရာသီ အပြောင်းအရွှေ့ ကာလကတည်းက ချိတ်ဆက်နေသည့် အိုလံပစ် လိုင်ယွန် ကွင်းလယ် ကစားသမားကို မိမိတို့အသင်း ပစ်မှတ်ထား နေကြောင်း ပြင်သစ် မန်နေဂျာကြီးက ဆိုသည်။ ဩဂုတ်လ အတွင်းက လိုင်ယွန် ဥက္ကဋ္ဌ ဂျင်းမစ်ချယ် အောလက်စ်သည် အာဆင်နယ် အနေနှင့် ဂေါ်ကက်ဖ်ကို အငှား ခေါ်ယူရန် ကမ်းလှမ်းမှု တစ်ခု ပြုလုပ် ခဲ့သော်လည်း မိမိတို့က ငြင်းဆန်ခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။ ဒဏ်ရာ အနာတရများဖြင့် ရုန်းကန်ခဲ့ရသည့် အတိတ်ဟောင်းများ ရှိခဲ့သော်လည်း စွမ်းရည်ကောင်းများ ပိုင်ဆိုင်ထားသည့် ကစားသမားကို မိမိတို့ အလို ရှိနေကြောင်း ၀င်းဂါးက ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးမှ ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဂေါ်ကက်ဖ်

"ကျွန်တော် ဂေါ်ကက်ဖ်ကို ခေါ်ဖို့ တကယ် စိတ်ဝင်စားပါတယ်။ တစ်ချိန်က သူ့ကို ခေါ်ဖြစ်ဖို့ အခြေအနေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီတုန်းက အလောတကြီး လုပ်ဆောင် ခဲ့ရသလို အဆင် မပြေမှုတွေလည်း ရှိခဲ့ပါတယ်။ နောက်ပိုင်းကျတော့ သူက ဒဏ်ရာရပြီး ခွဲစိတ်မှု ခံယူခဲ့ရတဲ့ အတွက် ခေါ်ယူဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ အာဆင်နယ် အတွက် သင့်တော်တဲ့ ကစားသမား တစ်ဦးဆိုတာ ကျွန်တော် လက်ခံ ထားပါတယ်" ဟု ၀င်းဂါးက Eurosport သို့ ပြောကြားသွားသည်။ ဂေါ်ကက်ဖ်သည် ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ကာလရှည်ကြာ အနား ယူခဲ့ရဖူးသည်။

ကစားသမား ကိုယ်တိုင်ကလည်း မိမိကို အာဆင်နယ် စိတ်ဝင်စား နေသည် ဆိုသော သတင်းများ အတွက် ပျော်ရွှင်မိကြောင်း ၀န်ခံခဲ့ဖူးသည်။ Sky Sports နှင့် အင်တာဗျူးတွင် ဂေါ်ကက်ဖ်က "အာဆင်နယ်ဟာ လက်တလောမှာ ကံမကောင်းလို့ ရမှတ်တွေ ဆုံးရှုံး နေပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတစ်ခု ဖြစ်ပြီး သူတို့က စိတ်ဝင်စားတယ် ဆိုတဲ့ သတင်းကြောင့် ကျွန်တော် ပျော်ရွှင် မိပါတယ်" ဟု Sky Sprots သို့ ပြောဆိုခဲ့သည်။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်