
ကနဦး စမ်းသပ်စစ်ဆေးမှုတွေအရ လေဖြတ်နိုင်ချေ မရှိကြောင်း တွေ့ခဲ့ရပေမယ့် နောက်ထပ်စစ်ဆေးမှုများ ပြုလုပ် ခဲ့တဲ့အခါ ဦးနှောက် သွေးလွှတ်မှု ပုံမှန်ထက်ကျဆင်းနေခြင်း အပြင် နှလုံးရောဂါဆိုင်ရာလက္ခဏာများ တွေ့ရှိခဲ့ရ တယ်လို့ အေစီမီလန် အသင်းကကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ပါတယ်။ အခုဆိုရင် အဆင့်မြင့် ကုသမှု တွေနဲ့ အချိန်မှီကုသနိုင်ခဲ့တာကြောင့် ရောဂါအခြေအနေ လျင်လျင်မြန်မြန်သက်သာလာပြီလို့သိရပါတယ်။ ဒါ ပေမယ့် လာမယ့် ရက်အနည်းငယ်အတွင်း နှလုံးဆိုင်ရာ အသေးစိတ် ခွဲစိတ်မှုတစ်ရပ် ပြုလုပ်ရ မည်ဖြစ် ပြီး ခွဲစိတ်မှုပြီးစီး သည့်အခါ ပိုမိုကောင်းမွန်စွာ ကစား နိုင်လာလိမ့်မယ်လို့ မီလန်အသင်းက ဖွင့်ဟသွားခဲ့ပါတယ်။ ခွဲစိတ်ကုသမှု ခံယူရာမှဖြစ်တာကြောင့်ကာဆာနိုအနေ နဲ့ လအနည်းငယ် အနားယူရ ဖွယ်ရှိနေ ပါတယ်။ အေစီမီလန် ဒု-ဥက္ကဋ္ဌ အက် ဒရီယန်နိုဂယ်လီယာနီက "ကာဆာနို ဟာ ဆေးရုံသွားတဲ့လမ်းမှာ အသင်း သားကို နောက်ပြောင်ခဲ့ပါသေးတယ်။ အကြာကြီး အနားယူရတော့မှာမို့လို့ သူ့ အနေနဲ့ အရမ်းစိတ်ပျက်နေမိမှာပါ။ ဒါပေမဲ့ ပြန်ကစားနိုင်တဲ့အချိန်မှာ ပုံမှန် တစ်နေရာအတွက်စိတ်မပူဖို့သူ့ကို ကျွန် တော်ပြောထားပါတယ်" လို့ဖွင့်ဟသွား ခဲ့ပါတယ်။
ကာဆာနိုဟာ အဲဒီပွဲမှာ ပွဲ မပြီးခင် နောက်ဆုံး(၁၆)မိနစ်ပါဝင်က စားခဲ့ပေမယ့်ပွဲအပြီးမီလန်မြို့အပြန်လမ်း မှာ အခုလိုဝေဒနာတွေခံစားခဲ့ရခြင်း ဖြစ်ပါတယ်။ ကာဆာနိုဟာ ၂၀၁၄ခုနှစ် ရောက်ရင် ဘောလုံးလောကမှ အနား ယူတော့မယ်လို့ ကြေညာထားသူဖြစ် ပြီးအခုအခါအီတလီလက်ရွေးစင်အသင်း အတွက်အကောင်းဆုံးခြေစွမ်းပြကစား နေသူလည်းဖြစ်ပါတယ်။
--
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်