BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, November 11, 2011

၂၀၁၁ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရွေးချယ်

 
၂၀၁၁  ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ရွေးချယ်ခံရဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရွေးချယ် ထုတ်ပြန်ခဲ့ တဲ့ ၂၀၁၁ ခုနှစ် ဖီဖာတစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အတွက် ဆန်ခါတင် ကစားသမား ၂၃ ဦးစာရင်း မှာ ရွေးချယ်ခြင်း ခံလိုက်ရတာကြောင့် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၃ ကြိမ်ဆက် တိုက်ရရှိဖို့ တစ်ပြေး နေတယ်လို့သိရပါတယ်။ ဖီဖာကပေး အပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆု (Ballon D'Or) ဆန်ခါ တင်စာရင်းမှာ အာဂျင်တီးနား တိုက်စစ် မှူးမက်ဆီနဲ့အတူ ဘာစီလိုနာအသင်း ဖော်၇ဦးတိတိ ရွေးချယ်ခံရပြီးပြိုင်ဘက် ရီးရဲလ်အသင်းကတော့ ကစားသမား ၅ ဦးပဲ ရွေးချယ်ခံခဲ့ရပါတယ်။
အဆိုပါ ဆန်ခါတင်စာရင်းမှာ စပိန်လက်ရွေး စင်ကစားသမား ၇ ဦးအပြင် အင်္ဂလန် လက်ရွေးစင်တိုက်စစ်မှူး ရူနီကလည်း ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ အီတလီ ကစားသမား တွေကတော့ အဆိုပါ စာရင်းမှာ(၂)နှစ် ဆက်တိုက် ရွေးချယ်ခြင်းမခံရတာတွေ့ရပါတယ်။ ရူနီဟာ မန်ယူအသင်းကိုပြီးခဲ့တဲ့ရာသီ ကလိဂ်ဖလား ၁၉ကြိမ် ဆွတ် ခူးစေခဲ့ရာမှာ အဓိက ကူညီပေးခဲ့သလိုချန်ပီယံ လိဂ်ဗိုလ်လုပွဲ အထိ ရောက်ရှိအောင်လည်း စွမ်းဆောင် ပေးနိုင်ခဲ့ တာကြောင့် ဒီစာရင်းမှာ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ ပြင်သစ်ကစားသမားတွေဖြစ်တဲ့ အဲရစ်အဘီဒဲလ် (ဘာစီလိုနာ)၊ ဘန်ဇီးမား(ရီးရဲလ်)နဲ့ ဘရာဇီးကစားသမား တွေဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်(ဘာစီလိုနာ)၊ နေမာ (ဆန်းတို့စ်)တို့ကလည်း အဲဒီစာရင်းမှာပါဝင်ခဲ့ပါတယ်။ ၄င်းပြင် ဘာစီလိုနာနည်းပြ ဂွာဒီယိုလာဟာ ပြီး ခဲ့တဲ့ရာသီက လာလီဂါဖလား ချန်ပီယံ လိဂ်ဖလားတွေအပြင် ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ဥရောပစူပါဖလားနဲ့ စပိန် စူပါဖလားတို့ ဆွတ်ခူးနိုင်ခဲ့တာကြောင့် တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးနည်း ပြဆုရရှိဖို့ ရေပန်းစားနေပါတယ်။
ဆန်ခါတင် (၂၃)ဦး
အဲရစ်အဘီဒဲလ် (ပြင်သစ်)၊
အဂွေးရိုး(အာဂျင်တီးနား)၊
ဘန်ဇီးမား (ပြင်သစ်)၊
ကာဆီးလက်စ်(စပိန်)၊
စီ-ရိုနယ်လ်ဒို(ပေါ်တူဂီ)၊
ဒန်နီအဲလ်ဗက်စ် (ဘရာဇီးလ်)၊
အီတူး(ကင်မရွန်း)၊
ဖာဘရီဂက်စ်(စပိန်)၊
ဖော်လန် (ဥရု ဂွေး)၊
အင်နီယက်စတာ(စပိန်)၊
မက်ဆီ (အာဂျင်တီးနား)၊
သောမတ်စ်မူလာ (ဂျာမနီ)၊
နာနီ(ပေါ်တူဂီ)၊
နေမာ(ဘရာ ဇီးလ်)၊
အိုဇေးလ် (ဂျာမနီ)၊
ပီကေး (စပိန်)၊
ဝိန်းရူနီ(အင်္ဂလန်)၊
ရှဝိန်းစတိုင် ဂါ(ဂျာမနီ)၊
ရှနိုက်ဒါ(နယ်သာလန်)၊
ဆွာရက်ဇ် (ဥရုဂွေး)၊
ဒေးဗစ်ဗီလာ (စပိန်)၊
အလွန်ဆို(စပိန်)၊
ဇာဗီ(စပိန်)။

--
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်