ထိုင်းနိုင်ငံတစ်ဝန်းရေကြီးရေလျှံ မှုများအပေါ် စီမံခန့်ခွဲမှုများနှင့်ပတ်သက် သော ထိုင်းနိုင်ငံရှိ အဖွဲ့နှစ်ဖွဲ့က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် ထိုင်းအစိုးရ အဖွဲ့ကို တရားစွဲဆိုမည်ဖြစ်ကြောင်း The Nation သတင်းတွင်ဖော်ပြ ထား သည်။ ရေကြီးရေလျှံမှုများနှင့် ပတ်သက် သော ထိုင်းအစိုးရ၏ စီမံခန့်ခွဲမှုများ အပေါ်ကမ္ဘာကြီးပူနွေးမှုကို တားဆီးရေး ထိုင်းအဖွဲ့အစည်းက နောက်လတွင် တရားစွဲဆိုမည်ဟု ယင်းအဖွဲ့၏ ဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ယင်းအဖွဲ့အပြင် ထိုင်းနိုင်ငံရှိ နာမည်ကြီးတက္ကသိုလ် ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ရေကြီး ရေလျှံမှုနှင့် ပတ်သက်၍ ထိုင်း အစိုးရကို တရားစွဲဆိုမည်ဖြစ်သည်။ ကမ္ဘာကြီးပူနွေးမှုကိုတားဆီးရေး ထိုင်းအဖွဲ့အစည်းသည် လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ထိုင်းနိုင်ငံရှိ Map Ta Phut စက်မှုလုပ်ငန်းကို သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ တိုက် ခိုက်ခဲ့သောကြောင့် ယင်းစက်မှုလုပ်ငန်း မှာ ရပ်ဆိုင်းလုနီးပါးအခြေအနေနှင့် ရင် ဆိုင်ခဲ့ရသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရေကြီးမှုအပေါ် ထိုင်းအစိုးရ၏တုံ့ပြန် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင် ထိုင်းအစိုးရအဖွဲ့ ၁၀ ခုကို တရား စွဲဆိုမှုများပြုလုပ်သွားမည်ဟု ကမ္ဘာကြီး ပူနွေးမှုတားဆီးရေး ထိုင်းအဖွဲ့အစည်းဥက္ကဋ္ဌ ဆရီဆူဝမ်ဂျန်ယာက ပြောကြားသည်။ အဆိုပါအဖွဲ့က တရားစွဲရန် ကြိုး ပမ်းလျက်ရှိသော ထိုင်းအစိုးရအဖွဲ့များ မှာ ထိုင်းအစိုးရအဖွဲ့၊ ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှုစင်တာ၊ ထိုင်းမိုးလေဝသ ဌာန စသည်တို့ပါဝင်သည်။ ရေကြီးရေလျှံမှုခံနေရသော ထိုင်း နိုင်ငံရှိ ၂၆ ပြည်နယ်မှ လူများအနေဖြင့် ၄င်းတို့အဖွဲ့နှင့် ဆက်သွယ်ကြရန် ဖိတ် ခေါ်ထားကြောင်း ဆရီဆူဝမ်ဂျန်ယာက ဆိုသည်။ ၄င်းတို့အဖွဲ့အနေဖြင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်အပါ အဝင်ထိုင်းအစိုးရအဖွဲ့အပေါ် ရေဘေး ဒုက္ခကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းပျက် ကွက်ခဲ့မှု၊ ရေဘေးသင့်ပြည်သူများကို လျော်ကြေးပေးရန်နှင့် နောင်တွင် ယခု ကဲ့သို့သော ဘေးဒုက္ခများမှ ကြိုတင် ကာကွယ်ခြင်းများနှင့် ပတ်သက်၍ တရားရုံးသို့ ဦးတိုက်လျှောက်ထားသွား မည်ဟု တူဆရီဆူဝမ်က ပြောကြားသည်။ အဆိုပါအဖွဲ့နှင့် အလားတူ ထိုင်းနိုင်ငံရှိ နာမည်ကျော်တက္ကသိုလ် တစ်ခုဖြစ်သော ချူလာလောင်ကွန် တက္ကသိုလ်မှ ဆရာများကလည်း ထိုင်း အစိုးရအဖွဲ့ကို တရားစွဲဆိုရန် အထောက် အထားများစုဆောင်းလျက်ရှိကြောင်း ချူလာလောင်ကွန်တက္ကသိုလ်မှစီးပွားရေး ဘာသာ၏ ကထိကဖြစ်သူ နာရောင်ဖက် ဖရာဆတ်က ပြောကြားသည်။









Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်