ရွိုင်ယန်ဂစ် နှင့် ငြိစွန်းခဲ့သော ခယ်မ ဖြစ်သူ နာတာရှာကို ဗြိတိန်နိုင်ငံ၏ နာမည်ကြီးရုပ်သံ အစီအစဉ် တစ်ခုဖြစ်သော Big Brother အစီအစဉ်က အတွင်းရေး ကိစ္စများ မေးမြန်းပြီး တင်ဆက်ရန် ချိတ်ဆက် ရွိုင်ယန်ဂစ် နှင့် ငြိစွန်းခဲ့သော ညီဖြစ်သူ၏ မိန်းမ (ရွိုင်ယန်ဂစ်၏ ခယ်မ) ဖြစ်သူကို ဗြိတိန်နိုင်ငံ၏ နာမည်ကြီးရုပ်သံ အစီအစဉ် တစ်ခုဖြစ်သော Big Brother အစီအစဉ်က လူမှုရေး ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အတွက် ခေါ်ယူလိုက်ကြောင်း သိရသည်။
နာတာရှာဂစ်နှင့် ရွိုင်ယန်ဂစ်တို့သည် ၈ နှစ်တာလုံး ညီဖြစ်သူ ရော့ဒီမသိအောင် လူမှုရေး ဖေါက်ပြန်နေခဲ့ကြခြင်း ဖြစ်ကြောင်း လွန်ခဲ့သော နွေရာသီ သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဘစ်ဘရာတွင် သရုပ်ဆောင်ရန် အတွက် ပေါင် ငါးသောင်း လက်ခံရရှိမည် ဖြစ်ကြောင်း သိရသည်။

ရုပ်သံလိုင်း-၅ အတွင်းလူ တစ်ဦးက "သူမ အနေနဲ့ ဂစ်နဲ့ ဖြစ်ခဲ့တဲ့ ညစ်ပတ် စုတ်ပြတ်သတ်တဲ့ ကိစ္စတွေကို ပြောလိမ့်မယ်လို့ ဘော့စ်က မျှော်လင့်ထားတယ်။" ဟု ဆိုသည်။
"ကျွန်တော်သာ ရွိုင်ယန်ဂစ်ဆိုရင် လာမယ့်လ ဇန်န၀ါရီမှာ ပြသမယ့် အဲ့ဒီ ရုပ်သံလိုင်းကို ပိတ်ပစ်ဖို့ ကြိုးစားမိမှာပါပဲ။" ဟုလည်း ပြောခဲ့သေးသည်။
ထုတ်လုပ်ရေးမှူးများက အသက် ၂၈ နှစ်ရှိ နာတာရှာကို လွန်ခဲ့သော နွေရာသီကတည်းက ချိတ်ဆက်နေခြင်း ဖြစ်သော်လည်း ဂစ် နှင့် ဇနီးသည်တို့က သူမကို လမ်းပေါ်တွင် ရန်ရှာ ဆဲဆိုခြင်း ခံရပြီး တစ်ပတ်အကြာတွင်မှ သူမက အဆိုပါ ကိစ္စကို လက်ခံခဲ့ခြင်း ဖြစ်သည်။
သူမက လက်မှတ်ရေးထိုးထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူမက ပြောဖို့ ဆိုဖို့ ကိစ္စတွေကိုတော့ သဘောတူညီ ထားပါတယ်။
နာတာရှာနှင့် တွေ့ဆုံမည့် ဘစ်ဘရာသာ၏ အဆိုပါ အစီအစဉ်ကို အခြားသော အမျိုးသမီး ရုပ်သံလိုင်းများ ကလည်း ပြသသွားမည် ဖြစ်ကြောင်း သိ၇သည်။

Relatively sleazy ... Natasha bedded Ryan, left, behind husband Rhodri's back
နာတာရှာမှာ အခြားသော မန်ချက်စတာ ယူနိုက်တက် ကစားသမားများ ဖြစ်ကြသည့် ဒရိုက်ရော့ဒ်၊ ဖီးဘာ့ဒ်စလေ၊ ဒန်နီဆမ်ဆန် တို့နှင့်လည်း အိပ်စက်ခဲ့သလို ဂစ်၏ စီစဉ်ပေးခဲ့ခြင်း ဖြစ်ပုံရသည်ဟု ရုပ်သံလိုင်းက ယူဆထားသည်။
အဆိုပါ အစီအစဉ်ကို အမေရိကန် တွင်လည်း တိုက်ရိုက်ပြသသွားမည် ဖြစ်ပြီး လူအများက ဂစ်နှင့် ပတ်သက်သော ကိစ္စများ ပြောဆိုမည့် အနေအထားအပေါ် စိတ်ဝင်စားလျက် ရှိနေကြောင်း သိရသည်။
|
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်