၂၆ ကြိမ်မြောက် ဆီးဂိမ်း၌ အသက်အငယ်ဆုံး နှင့် အကောင်းဆုံးကစားသမား (၅)ဦးစာရင်း၌ ဖော်ပြခြင်းခံခဲ့ရသော ကျော်ကိုကို ဇေယျာရွှေမြေအသင်းမှ တိုက်စစ်မှူးကျော်ကိုကိုသည် မြန်မာလက်ရွေးစင်တိုက်စစ်မှူးရန်ပိုင်ထက် ပိုကောင်းသည်ဟု Goal.com မှ သုံးသပ်ဖော်ပြထားသည်။ (၂၆)ကြိမ်မြောက် အင်ဒိုနီးရှားဆီးဂိမ်းစ် ပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့ကြသောကစားသမား(၅)ဦးစာရင်းတွင် ကျော်ကိုကိုပါဝင်ခဲ့ကြောင်းလည်း သိရသည်။
ဆီးဂိမ်း(စ်)ပြိုင်ပွဲတွင် မြန်မာအသင်းတတိယဆုရရှိရေးအတွက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သော အသက်(၁၉)နှစ်အရွယ်ရှိ တိုက်စစ်မှူးကျော်ကိုကိုသည် အသက်အငယ်ဆုံးဖြင့် အကောင်းဆုံးကစားသမား
(၅)ဦးစာရင်း၌ ဖော်ပြခြင်းခံခဲ့ရသည်။ Goal.com မှရွေးချယ်ထားသော ကျန်(၄)ဦးမှာ မလေးရှားဂိုးသမား
ဖာမီ(၂၂)နှစ်၊ ဗီယက်နမ်ကွင်းလယ်လူဖန်သန်လောင်(၂၃)နှစ်၊ ထိုင်းကွင်းလယ်ကစားသမားနာတာရစ်(၂၃)နှစ်နှင့် အင်ဒိုနီးရှားတိုက်စစ်မှူးပက်ထရစ်(၂၃)နှစ် တို့ဖြစ်ကြသည်။
အင်ဒိုနီးရှားတိုက်စစ်မှူးပက်ထရစ်ကို ချဲလ်ဆီးတိုက်စစ်မှူး အနယ်လ်ကာနှင့် ကစားပုံတူသော ကစားသမားဟု နှိုင်းယှဉ်ဖော်ပြထားပြီး မြန်မာလူငယ်တိုက်စစ်မှူး ကျော်ကိုကိုမှာလည်း ပြေးအားနှင့် အဆုံးသတ်ပိုင်းကောင်းမွန်သူတစ်ဦးအဖြစ် Goal.com မှ သုံးသပ် ဖော်ပြထားသည်။ ထို့ကြောင့် ဆီးဂိမ်း(စ်)ပြိုင်ပွဲတစ်လျှောက်တွင် စုစုပေါင်း(၅)ဂိုးသွင်းယူနိုင်ခဲ့သော တိုက်စစ်မှူးကျော်ကိုကို,ကို Goal.com က ရန်ပိုင်ထက်ပိုကောင်းသူတစ်ဦးဟု ချီးကျူးဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။
|
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်