Share |

အဲလက်စ်နှင့် အန်ဒရေ အမည်ရှိသည့် ဘရာဇီး ကစားသမား နှစ်ဦးကို ခြေစွမ်း စမ်းသပ်မည် မဟုတ်ကြောင်းလည်း သိရသည်။ "အဲလက်စ်နဲ့ အန်ဒရေ တို့ဟာ အသင်းအတွက် အကောင်းဆုံး အထောက်အပံ့ ပေးနိုင် ပါလိမ့်မယ်။ သူတို့ကြောင့် ကွင်းလယ်ပိုင်း တောင့်တင်း လာမယ်လို့ ယုံကြည်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းမှု ဖြစ်မှာကိုလည်း မစိုးရိမ် မိပါဘူး" ဟု ရက္ခပူရ နည်းပြချုပ် လီယိုနာဒိုက ဆိုခဲ့သည်။ ခေါ်ယူ လိုက်သည့် ဘရာဇီး နှစ်ဦး စလုံးမှာ ကွင်းလယ် ကစားသမား များဖြစ်သည်။ အဲလက်စ်မှာ ကွင်းလယ်အဖျက် ကစားသမား ဖြစ်ပြီး အန်ဒရေမှာ ကွင်းလယ် တိုက်စစ်နှင့် တောင်ပံ နှစ်ဘက် စလုံးတွင် ကျွမ်းကျင်စွာ ကစားနိုင်ကြောင်း သိရသည်။

အသစ်ခေါ်ယူလိုက်သည့် အဲလက်စ်နှင့် အန်ဒရေ
ဘရာဇီး ကစားသမား (၂)ဦးကြောင့် ရက္ခပူရ၏ နိုင်ငံခြား ကစားသမား ဦးရေမှာ (၃)ဦး ပြည့်သွားခဲ့ပြီ ဖြစ်သော်လည်း ထိုကစားသမား (၃)ဦးထဲတွင် တိုက်စစ်မှူး တစ်ဦးမျှ ပါဝင်ခြင်း မရှိပေ။ အသင်း၏ တိုက်စစ်ပိုင်းတွင် ကျော်ကျော်ချစ်၊ နေသူလှိုင်၊ မင်းသူနှင့် ဖြိုးမင်းသူတို့ ရှိနေသောကြောင့် လုံလောက်မှု ရှိကြောင်း လီယိုနာဒိုက ဆိုခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...