![]() ရန်ကုန် ယူနိုက်တက်သည် ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမား သစ်များကို ခေါ်ယူခဲ့ရာ ကွင်းလယ်နှင့် တိုက်စစ်မှူး နေရာများ အတွက် ဆားဘီးယား ကစားသမား နှစ်ဦး ဖြစ်သည့် မလာဒန်နှင့် မီလန်တို့ အပြင် ခံစစ်အတွက် ဘရာဇီး နောက်ခံလူ တစ်ဦးတို့ကို စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်သော်လည်း ဘရာဇီး နောက်ခံလူ ဖာနန်ဒိုမှာ ဒဏ်ရာ ရရှိခဲ့သောကြောင့် ၎င်း၏ စာချုပ်ကို ပြန်လည် စဉ်းစားလာခြင်း ဖြစ်သည်။ ![]()
ရန်ကုန်အသင်းမှ ခေါ်ယူစမ်းသပ်နေသည့် မက်ဆီဒိုးနီးယား နောက်ခံလူ
ရန်ကုန် နည်းပြချုပ် အဲရစ်ဝီလျံ ကိုယ်တိုင်မှာလည်း ခြေစွမ်း စမ်းသပ်ခြင်း မရှိဘဲ ခေါ်ယူခဲ့သည့် နောက်ခံလူ ဖာနန်ဒို၏ ခြေစွမ်းအပေါ် အပြည့်အ၀ ကျေနပ်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ နောက်ခံလူသစ် တစ်ဦးကို ခေါ်ယူ စမ်းသပ်နေခြင်း ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်၏ ရာသီသစ် အတွက် ကစားသမား ၀ယ်ယူမှုမှာလည်း အဆိုပါ နောက်ခံလူ ပြဿနာကို ဖြေရှင်းပြီး ပါက အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်သည် လာမည့် ရာသီအတွက် နိုင်ငံခြားသား ကစားသမား (၃)ဦး နှင့် ပြည်တွင်း ကစားသမား ခေါ်ယူမှု အဖြစ် ဧရာဝတီ အသင်းခေါင်းဆောင် နောက်ခံလူ မျိုးဝင်းထွဋ်ကို ခေါ်ယူတားသည်။ ဥဿာ တိုက်စစ်မှူး အောင်မိုးအတွက် ရန်ကုန်၏ ကမ်းလှမ်းမှု မှာမူ ပယ်ချ ခံခဲ့ရကြောင်း သိရသည်။ |
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...