BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, December 31, 2011

၂၀၁၁)ခုနှစ် အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမား ဆုကို ယာယာတိုရေးက ရရှိသွားကြောင်း သိရှိရသည်။

(၂၀၁၁)ခုနှစ် အတွက် အာဖရိက အကောင်းဆုံး ဘောလုံးသမား ဆုကို ယာယာတိုရေးက ရရှိသွားကြောင်း သိရှိရသည်။


မန်ချက်စတာ စီးတီး အသင်း၏ ကွင်းလယ် ကစားသမားသည် ပြီးခဲ့သည့် ဘောလုံး ရာသီအတွင်း မန်စီးတီးတို့ ချန်ပီယံလိဂ် ၀င်ခွင့်နှင့် FA ဖလား ချန်ပီယံ ဘွဲ့တို့ ရရှိစေရန် အထူး အရေးပါသော နေရာမှ အကူအညီ ပေးခဲ့သည်။ အိုင်ဗရီကို့စ် လက်ရွေးစင် တိုရေးသည် (၂၀၁၀)ပြည့်နှစ်က စပိန်ထိပ်သီး ဘာစီလိုနာကို စွန့်ခွာ လာပြီးကတည်းက မန်စီးတီးတွင် အခရာ အကျဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေသည်။ ၎င်းသည် FA ဖလား အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့တွင် မန်စီးတီး အတွက် အနိုင်ဂိုးများ သွင်းပေးကာ (၃၅)နှစ်အတွင်း ကလပ်အသင်း အတွက် ပထမဆုံး ဆုဖလားကို ရယူ ပေးခဲ့သည်။


အသက်(၂၈)နှစ်ရှိ တိုရေးကို အာဖရိကတိုက် အကောင်းဆုံး ဘောလုံးသမား အဖြစ် ရွေးချယ်ကြောင့် အာဖရိက ဘောလုံး အဖွဲ့ချုပ် ၀က်ဘ်ဆိုက်တွင် အတည်ပြု ဖော်ပြခဲ့သည်။ တိုရေးသည် (၁၉၉၂)ခုနှစ်နောက်ပိုင်း အဆိုပါဆုကို ဒုတိယမြောက် ရရှိသည့် အိုင်ဗရီကို့စ် လက်ရွေးစင်လည်း ဖြစ်လာသည်။ ယခင်က အဆိုပါဆုကို အိုင်ဗရီကို့စ်သား တစ်ဦးအနေနှင့် ချယ်လ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဂ်ဘာက ဆွတ်ခူးခဲ့ဖူးသည်။ ယင်းဆုကို အာဖရိကတိုက်ရှိ အမျိုးသား လက်ရွေးစင် အသင်း နည်းပြများ စုပေါင်းမဲ ပေးကာ ရွေးချယ်ခြင်း ဖြစ်သည်။ ယခုနှစ် အတွက် တိုရေးက အကောင်းဆုံးဆု ရရှိပြီး ဒုတိယ နေရာတွင် ဂါနာမှ အင်ဒရီအေယူးနှင့် တတိယနေရာတွင် မာလီမှ ဆီဒေါ်ကီတာတို့က ရပ်တည် နိုင်ခဲ့ကြောင်းလည်း သိရှိရသည်။
 

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed