BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, December 31, 2011

TV ထုတ်လွှင့်မှုကို အဓိက ထားသည့် ပွဲစဉ် ရေးဆွဲမှုများက ချန်ပီယံ ပြေးလမ်းကို ခြိမ်းခြောက်နေကြောင်း မန်စီနီ ညည်းညူ

Share |
TV ထုတ်လွှင့်မှု အတွက် ဦးစား ပေးလွန်းသည့် ပွဲချိန်ဇယား ရေးဆွဲမှုများက မိမိတို့ အသင်းကို ချန်ပီယံ လမ်းကြောင်းမှ သွေဖယ် သွားစေရန် ဖိအားပေး နေကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ညည်းညူခဲ့သည်။

မန်စီးတီးသည် ၀က်စ်ဘရွန်းဝစ်ခ်ျကို သရေ ကျသွားပြီးနောက် မန်ယူ၏ ရမှတ်တူဖြင့် ဖိအား ပေးလာမှုကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းက နှစ်သစ်ကူး ကာလတွင် မန်စီးတီး ကစားရမည့် ပွဲစဉ်များ အတွက် ပွဲစဉ်များ ရေးဆွဲမှု အပေါ် စိတ်ပျက်လက်ပျက် ဝေဖန်ခဲ့သည်။ မန်စီးတီးသည် ဇန်န၀ါရီ လဆန်းပိုင်းတွင် ပရီးမီးယားလိဂ် ပွဲကျပ်(၂)ပွဲကို (၄၈)နာရီ အတွင်း ကစားရမည့် အခြေအနေအား မန်စီနီက ထောက်ပြခဲ့သည်။ "ကျွန်တော်တို့ ဇန်န၀ါရီ (၁)ရက်နေ့မှာ ဆန်းဒါးလန်းကို အဝေးကွင်း ပွဲစဉ် သွားကစားရမယ်။ နောက်တော့ (၃)ရက်နေ့မှာ လီဗာပူးလ်နဲ့ အိမ်ကွင်း ကစားရမယ်။ ကျွန်တော်တို့မှာ ပြင်ဆင်ချိန် (၄၈)နာရီပဲ ရပါတယ်။ TV ထုတ်လွှင့်ပုံ အတွက် အဓိက ရည်ရွယ်ပြီး ပွဲစဉ်တွေ ရေးဆွဲ ထားတာဟာ တစ်ခါတစ်လေ အသင်းတွေ အတွက် ခက်ခဲ လွန်းပါတယ်" ဟု မန်စီနီက ဆိုသည်။

TV ထုတ်လွှင့်မှု အစီအစဉ်အား မကျေနပ်သည့် မန်စီနီ

၎င်းက ဆက်လက်၍ "လီဗာပူးလ်က သောကြာနေ့ကတည်းက ပွဲကစားပြီး နားရက် ရထားပြီ။ မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဇင်ဘာ (၃၁)ရက်နေ့မှာ ဘလက်ဘန်းကို အိမ်ကွင်းမှာ ကစားရပါမယ်။ ကျွန်တော့်အထင် သူတို့ အဲဒီပွဲကို နိုင်လောက်ပါတယ်။ ဇန်န၀ါရီ (၄)ရက်နေ့မှာ မန်ယူက နယူးကာဆယ်လ် ယူနိုက်တက်နဲ့ ကစား ရပေမယ့် လုံလောက်တဲ့ ပြင်ဆင်ချိန် ရထားပါတယ်။ ကျွန်တော်တို့ကတော့ လီဗာပူးလ်လို အသင်းမျိုးကို ပြင်ဆင်ချိန် လုံလုံလောက်လောက် မရဘဲ ရင်ဆိုင် ရမှာပါ။ ချန်ပီယံ ဆုအတွက် မျှော်လင့် ကြိုးစားနေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့ ဒီလို ပွဲဆက်တွေများနေတဲ့ အခြေအနေ အတွက် မပျော်ရွှင်နိုင်ပါဘူး" ဟုလည်း ဖွင့်ဟ ပြောဆိုသွားသည်။

မန်စီးတီးနှင့် မန်ယူတို့သည် ဇန်န၀ါရီလ (၈)ရက်နေ့တွင် FA ရှုံးထွက်ဖလား ပွဲစဉ်အဖြစ် ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်သည်။ "ကျွန်တော်တို့အတွက် စိတ်ဓာတ်ရေးရာ အရပါ အရေးကြီးတဲ့ ပွဲစဉ်ပါ။ ကျွန်တော်တို့ ချန်ပီယံဘွဲ့ကို မျှော်လင့်ရင် မန်ယူနဲ့ ပွဲမှာ အနိုင် ကစားရပါမယ်။ မန်ယူဟာ အသင်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း သူတို့ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့ အင်အားမျိုး ရှိနေတယ်လို့ ယုံကြည်ပါတယ်" ဟုလည်း မန်စီနီက ပြောဆိုသွားသည်။ မန်စီးတီးကို အိမ်ကွင်းတွင် ဂိုးမရှိ သရေခံ ကစားခဲ့သည့် ၀က်စ်ဘရွန်းဝစ်ခ်ျ မန်နေဂျာ ရွိုင်ဟော့ဂ်ဆန်က ယခုအခါ ပရီးမီးယားလိဂ် သရဖူ လုပွဲသည် ပိုမိုကြည့်ကောင်း လာပြီဟု မှတ်ချက် ပြုခဲ့သည်။

"မန်ယူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရတဲ့ အသင်းပါ။ ဒါပေမဲ့ သူတို့ဟာ ပြီးခဲ့တဲ့ အပတ်က ဖူလ်ဟမ်နဲ့ အရေးကြီးတဲ့ ပွဲကို အဝေးကွင်းမှာ (၅-၀)နဲ့ အနိုင်ယူခဲ့တယ်။ နောက်တော့ ၀ီဂန်ကို နောက်ထပ်(၅)ဂိုးသွင်းပြီး နိုင်ပြန်တယ်။ သူတို့အတွက် အကောင်းဆုံး ဖြတ်သန်းမှုပါပဲ။ ဒီအံ့ဩစရာ နိုင်ပွဲ နှစ်ခုကြောင့် ချန်ပီယံ လုပွဲက ပိုပြီး အသက်ဝင်လာပြီ။ တော့တင်ဟမ်ဟော့စပါး၊ ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ အာဆင်နယတို့ကလည်း သူတို့ရဲ့ ရပ်တည်မှုကို ပိုပြီး မြှင့်တင်နိုင်ရင် ပရီးမီးယားလိဂ်ရဲ့ အရှိန်အဟုန်က ပိုပြီးတော့ မြိုင်ဆိုင် လာမှာပါ" ဟု ဟော့ဂ်ဆန်က ပြောကြားသွားသည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed