BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, December 29, 2011

ဒရော့ဂ်ဘာကို ကမ္ဘာပေါ်တွင် ၀င်ငွေ အကောင်းဆုံး ဘောလုံးသမား ဖြစ်လာအောင် ကူညီရန် ဂွမ်ဇူး အသင့်ရှိနေ

Share |

တရုတ်နိုင်ငံမှ ဂွမ်ဇူး အဲဗားဂန်း အသင်းသည် ဒီဒီရာ ဒရော့ဂ်ဘာကို ကမ္ဘာပေါ်တွင် ၀င်ငွေ အကောင်းဆုံး ဘောလုံးသမား ဖြစ်လာအောင် အကူအညီ ပေးရန် အသင့် ရှိနေကြောင်း သိရသည်။

ဂွမ်ဇူးသည် ရုရှားကလပ် အန်ဇီးက ကင်မရွန်း လက်ရွေးစင် တိုက်စစ်မှူး ဆမ်မြူရယ်လ် အီတူးအတွက် ပေးချေနေသည့် တစ်ပတ်လုပ်ခ ပေါင်စတာလင် သုံးသိန်းခွဲထက် ပိုပေးကာ ဒရော့ဂ်ဘာကို စာချုပ် ခေါ်ယူရန် ဆန္ဒ ရှိနေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။ ဂွမ်ဇူး၏ တရုတ် စူပါလိဂ် ပြိုင်ဘက်အသင်း ရှန်ဟိုင်းရှန်ဟွာသည် နီကိုလက်စ် အနယ်လ်ကာကို ခေါ်ယူခဲ့ပြီးနောက် ဂွမ်ဇူးကလည်း အနယ်လ်ကာ၏ ချယ်လ်ဆီး အသင်းဖော်ကို ချိန်ရွယ်လာခြင်း ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ဒရော့ဂ်ဘာသည် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း တိုးရန် ဆွေးနွေးမှုများ ယခုတိုင် ပြုလုပ်နေပြီး အပြီးသတ် အောင်မြင်မှု မရရှိသေးချေ။

တရုတ်ကလပ်မှ စိတ်ဝင်စားနေသည့် ဒရော့ဂ်ဘာ

ဒေလီယန် အာဘင် အသင်းသည်လည်း ဒရော့ဂ်ဘာကို အလိုရှိနေသည့်တိုင် ဂွမ်ဇူးက အမြင့်ဆုံး လုပ်ခလစာဖြင့် ကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်သည်။ အနယ်လ်ကာမှာ ရှန်ဟိုင်းကလပ်တွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် နှစ်သိန်းမျှ ရရှိမည်ဖြစ်သည်။ လက်ရှိ ကမ္ဘာပေါ်တွင် လုပ်ခလစာ အမြင့်ဆုံး ရရှိနေသည်ဟု ယူဆရသည်မှာ အီတူးပင် ဖြစ်သော်လည်း ဂွမ်ဇူးက ရုရှား ကလပ်ထက် ငွေကြေး ရက်ရက်ရောရော သုံးစွဲရန် အသင့် ရှိနေကြောင်း သိရသည်။ ဒရော့ဂ်ဘာ၏ အေးဂျင့်ဖြစ်သူ တီယာနိုဆေဒီက "ချယ်လ်ဆီးက ဒရော့ဂ်ဘာကို (၁)နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်း ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ မျှော်လင့်ထားတာနဲ့ မကိုက်ညီကြောင်း အရင်ကတည်းက ပြောခဲ့ပြီးပါပြီ။ ဒရော့ဂ်ဘာဟာ ချယ်လ်ဆီးအတွက် ကစားသမား တစ်ယောက် အနေနဲ့ အစွမ်းကုန် ပေးဆပ်ထားတာပါ။ တကယ်လို့ အသင်းက ခုလို ကာလတိုပဲ ကမ်းလှမ်းမယ် ဆိုရင်တော့ သူဟာ တခြားအသင်း တစ်ခုခုကို ရွေးချယ်ကောင်း ရွေးချယ်ရပါမယ်" ဟု ပြောကြားသွားသည်။

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်http://www.bsphoekhaing.blogspot.com/

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed