|
![]()
ဒိုင်လူကြီးရဲ့ အားနည်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ချယ်လ်ဆီးအသင်း လက်ဆောင်ကောင်း ရခဲ့တာ ဆိုတဲ့ ကျူပီအာ နည်းပြ မက်ခ်ျဟု နဲ့ ပွဲမတိုင်ခင် လက်ဆွဲနုတ်ဆက်မယ့် အစီအစဉ်ကို ဖျက်ခဲ့ရတဲ့ ချယ်လ်ဆီး ကျူပီအာပွဲ
မနေ့ညက ချယ်လ်ဆီးအသင်းနဲ့ အိမ်ရှင် ကွီးစ်ပါ့ရိန်းဂျားစ် အသင်းတို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ဟာ မစခင်ကတည်းက ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေခဲ့တာပါ။
လွန်ခဲ့တဲ့ အောက်တိုဘာလ ဒီနှစ်သင်း ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာ ကျူပီအာ နောက်ခံလူ အန်တွန်ဖါဒီနန်ကို ချယ်လ်ဆ်ီးအသင်း ခေါင်းဆောင် ဂျွန်တယ်ရီက လူမျိုးရေးခွဲခြားတဲ့ စကားလုံး သုံးခဲ့တယ်လို့ စွပ်စွဲခံရပြီး တရားရုံးအထိ ရောက်နေချိန် နှစ်ဖက် ပရိသတ်တွေကလည်း ကိုယ့်အားပေးထောက်ပံ့တဲ့ အသင်း ကစားသမားဖက်ကနေ နာကျင်စိတ်ဆိုး ဒေါသထွက်နေချိန်မှာ အခုလို အက်ဖ်အေဖလားပွဲ ကစားဖို့ မဲကျခဲ့တာဖြစ်ပါတယ်။ ![]() ပွဲစဖို့ ရက်ပိုင်းအလို ကတည်းက ဒီကိစ္စဟာ ပိုမိုပြင်းထန်လာခဲ့ပြီး ဖါဒီနန်တစ်ယောက် သက်တော်စောင့်တွေ ငှါးရ လုံခြုံရေး ကင်မရာတွေငွေကုန်ကြေးကျခံ တတ်ဆင် ရနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေရဲ့ သားကောင် ဖြစ်နေသလို နောက်ဆုံးတော့ ကျည်ဆံတစ်ထောင့် လက်ဆောင်ရခဲ့သည်အထိ ဖြစ်လာခဲ့ရပြီးနောက် နှစ်ဖက် ကစားသမားတွေဟာလည်း မုန်းတီးမှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ပွဲကစားနေတဲ့အချိန်အတွင်း နှစ်သင်း ကစားသမားတွေ လက်ဆွဲနုတ်ဆက်ရင် ဂျွန်တယ်ရီကို ကျူပီအာ ကစားသမား အားလုံးက လက်ဆွဲနုတ်ဆက်မှာ မဟုတ်ဘူးလို့ ညှို့နှိုင်းမှုတွေအထိ ရှိခဲ့ပြီးနောက် နောက်ဆုံး ပွဲမကစားခင် နှစ်ဖက် ကစားသမားတွေ လက်ဆွဲနုတ်ဆက်မှု အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ရပါပြီ။ ပွဲကစားနေစဉ် အချိန်အတွင်းမှာလည်း နှစ်ဖက် ကစားသမားတွေထဲက ဖါဒီနန် နဲ့ ဂျွန်တယ်ရီ တို့ ဘောလုံးထိလိုက်တိုင်း ပရိသတ်က လှောင်ပြောင်ခဲ့ကြသလို ပွဲစဉ်ဟာလည်း အငြင်းပွါးဖွယ် အခြေအနေတွေနဲ့ ချယ်လ်ဆီးအသင်းက ၁-၀ နဲ့ နိုင်ပြီး ပြီးဆုံးခဲ့ရပါတယ်။ ![]() ချယ်လ်ဆီးအသင်းရဲ့အနိုင်ဂိုးဟာ စတားရိုက်က လွယ်လွယ်ကူကူပဲ လှဲချခဲ့ပြီးမှ ရရှိခဲ့တဲ့ ပင်နယ်လ်တီကို မာတာက သွင်းယူခဲ့ပြီး အဲ့ဒီ တစ်လုံးတည်းသော ပင်နယ်လ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလဲကျမှု မတိုင်ခင်က ပင်နယ်လ်တီ ဧရိယာထဲမှာ ခြေထောက်အကန်ခံရတဲ့ စတားရိုက်က လဲကျသွားခဲ့တဲ့ အခါမှာတော့ ဒိုင်က လစ်လျူရှုခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်မြောက် လဲကျမှုမှာ စတားရိုက်ကြောင့် ရတဲ့ ပင်နယ်လ်တီကိုတော့ ကျူပီအာ နည်းပြ မက်ခ်ျဟုက "စတားရိုက်က လွယ်လွယ်ကူကူပဲ လဲကျသွားခဲ့ပါတယ်။ ကြိုးစားပြီး နိုင်ချင်စိတ် သူ့မှာ မ၇ှိဘူး။ ပင်နယ်လ်တီနဲ့ပဲ နိုင်ချင်စိတ် ဖြစ်နေတာ။ ဒီအဖြစ်အပျက်ကို ဒိုင်က ပြန်ကြည့်မိရင် သူ့ကိုသူတောင် စိတ်ပျက်သွားမှာပါ။ ဒါဟာ ဘယ်လိုမှ ပင်နယ်လ်တီ မဟုတ်ဘူး။" လို့ ပြောခဲ့ပါတယ်။ ![]() |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com