|
![]()
အရှုံးရလဒ်သည် ယုံကြည်ရန် ခက်ခဲပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း ဖာဂူဆန်ပြောကြား
အဲလက်စ် ဖာဂူဆန်က နောက်ကျ ဂိုးဖြင့် လီဗာပူးလ် အသင်းအား ရှုံးပြီး အက်ဖ်အေဖလားမှ ထွက်ခဲ့ရခြင်းသည် စက်ဆုပ်ဖွယ်ကောင်းသော ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားလိုက်သည်။
ဒန်နီရယ် အဂ္ဂါ၏ အဖွင့်ဂိုးအား ပက်ဂျီဆန်က ချေပ ပေးခဲ့သော်လည်း လီဗာပူးလ် အတွက် အနိုင်ဂိုးကို ဒါးကောက်ကူရစ်က ပွဲချိန် (၈၈)မိနစ်တွင် သွင်းယူနိုင်ခဲ့ခြင်းကြောင့် မန်ယူတို့ (၂-၁)ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ထို့နောက် အဆိုပါ ရလဒ်အပေါ် စိတ်ပျက်မှုအား ဖာဂီသည် ဖုံးကွယ် ထားနိုင်ခြင်း မရှိခဲ့ပဲ ယခုလို ပြောကြားသွားခဲ့သည်။ ယူနိုက်တက် ဘော့စ်က "ဒီပွဲစဉ်ရဲ့ အရှုံးရလဒ်က ယုံကြည်ဖို့ ခက်ခဲပါတယ်။" "ကျွန်တော်တို့ ပြိုင်ပွဲကို ထိမ်းချုပ်နိုင်ခဲ့ပြီး သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။" "ကျွန်တော်တို့ရဲ့ ဘောလုံးပေးပို့မှုတွေက ကောင်းမွန်ခဲ့ပြီး ကျွန်တော်တို့ အသင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်။" "တစ်လုံးလေး ပေါက်ထွက်သွားတာ၊ ညံ့ဖျင်းတဲ့ တားဆီးမှု တစ်ခုပဲ လုပ်ယုံနဲ့ ခင်ဗျားတို့ ရှုံးနိမ့်သွားနိုင်ပါတယ်။" "ဒါဟာ ချက်ခြင်းသေစေနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပြီး နှစ်ပါင်းများစွာ ဒီဟာနဲ့ ပက်သက်ပြီး ကျွန်တော်တို့မှာ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။" "ဒါပေမယ့် ကျွန်တော့် ကစားသမားတွေအပေါ် ကျေနပ်မှု ရှိပါတယ်၊ သူတို့ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပြီး ပြိုင်ပွဲကိုလည်း စိုးမိုးနိုင်ခဲ့ပါတယ်၊ အချက်အလက်တွေ အားလုံးအရ သူတို့ ရှုံးနိမ့်ဖို့ မထိုက်တန်ခဲ့ပါဘူး။" "ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါဟာ အက်ဖ်အေဖလားပြိုင်ပွဲဖြစ်တဲ့ အတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။" "ဒီပွဲအရှုံးဟာ တစ်ကယ်ပဲ စက်ဆုပ်ဖွယ်ကောင်းတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။" ဟုသူ၏ ခံစားချက်ကို ဖွင့်ဟခဲ့သည်။ လီဗာပူးလ် အသင်း ရရှိခဲ့သည့် ပထမဂိုးနှင့် ပက်သက်ပြီး တာဝန်ရှိခဲ့သူ ဂိုးသမား ဒီဂီအာကိုလည်း ဖာဂူဆန်က ကာကွယ်ပြောကြားသွားခဲ့သည်။ "ပထမဂိုး ပေးလိုက်ရတာကတော့ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေကိုယ်တိုင်က ပြဿနာတစ်ခု ဖန်တီးခဲ့လို့ပါ။" "အဲဒီဂိုးကို ကာကွယ်နိုင်အောင် ကျန်တဲ့ ကစားသမားတွေက သူ့အတွက် လုံလောက်တဲ့ နေရာမဖန်တီးပေးနိုင်ခဲ့ပါဘူး။" ဟုဖာဂူဆန်က ပြောကြားသွားခဲ့သည်။ မန်ယူအသင်းသည် နောက်ပွဲစဉ်အဖြစ် လာမည့် အင်္ဂါနေ့တွင် စတုတ်စီးတီးအသင်းအား အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်ပြီး ယနေ့ပွဲစဉ်တွင် မပါဝင်နိုင်ခဲ့သူ နောက်ခံလူ ရီယို ဖာဒီနန် ပြန်လည် ပါဝင်လာနိုင်မည်ဟု ဖာဂီက မျှော်လင့်နေသည်။ ဖာဂူဆန်က "မနေ့က တစ်ရက်ပဲ ရီယို လေ့ကျင့်ခန်း အစီအစဉ်တစ်ခု လုပ်နိုင်ခဲ့ပါသေးတယ်၊ ကျွန်တော်တို့ လောင်းကစားဆန်ဆန် စွန့်စားပြီး မသုံးမပြုနိုင်ပါဘူး။" "သူမနက်ဖြန်နဲ့ တနင်္လာနေ့မှာ လေ့ကျင့်မှု ပြုလုပ်ပါလိမ့်မယ်၊ အင်္ဂါနေ့ညအတွက် သူအသင့်ဖြစ်နေကောင်းပါတယ်။" ဟုပြောခဲ့သည်။ |
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com