![]()
အင်္ဂလန် ပရီးမီးယားလိဂ် ၂၀၁၁-၁၂ ဘောလုံးရာသီတွင် အပြောင်းအရွေ့ အတွက် ငွေအများဆုံး သုံးထားသည့် အသင်းအဖြစ် မန်စီးတီး ဦးဆောင်
အင်္ဂလန် ပရီးမီးယားလိဂ် ၂၀၁၁-၁၂ခုနှစ် ဘောလုံးရာသီတွင် အပြောင်းအရွေ့ အတွက် ငွေသုံးအများဆုံး အဖြစ် မန်စီးတီး အသင်းက ဦးဆောင်နေကြောင်း စစ်တမ်းများအရ သိရသည်။
မန်စီးတီးအသင်းသည် ဗြိတိန်ဘောလုံးလောက၏ တန်ဖိုးအကြီးဆုံး ကစားသမား အဖြစ် စံချိန်တင်ထားသော တောရက်စ်ပြီးလျှင် ဒုတိယ တန်ဖိုးအကြီးဆုံး စံချိန်ဖြစ်စေမည့် ခေါ်ယူမှုအဖြစ် အက်သလီတီဂို တိုက်စစ်မှုး အဂူရိုကို ပြီးခဲ့သော နွေရာသီက ခေါ်ယူခဲ့သည်။ အာဆင်နယ် ကစားသမား နာစရီကိုပါ ခေါ်ယူခဲ့သော မန်စီးတီးအသင်းက ငွေသုံးအကြမ်းဆုံး အသင်းအဖြစ် ရပ်တည်နေသည်။ ဗလန်စီယာမှ မာတာကို ပေါင်(၂၃.၅)သန်း၊ လူကာကူအတွက် ပေါင်(၁၈)သန်း၊ ဂယ်ရီကာဟေးလ် အတွက် ပေါင်(၇)သန်း၊ ဒီဘရုန်းအတွက် ပေါင်(၇)သန်း အသုံးပြုပြီး ကစားသမား ခေါ်ယူမည့် ပြုလုပ်ထားသည့် ချဲလ်ဆီးက ဒုတိယ နေရာတွင် ရပ်တည် နေသည်။ နယူးကာဆယ် တိုက်စစ်မှုး ကာရိုးလ်ကို ပေါင်(၃၅)သန်း၊ ဆွာရက်ဇ် အတွက် ပေါင်(၂၂.၇)သန်း၊ ဒေါင်းနင်း အတွက်ပေါင်သန်း (၂၀)၊ ဟန်ဒါဆန်အတွက် ပေါင်(၁၆)သန်း၊ အဒမ်အတွက် ပေါင်(၉)သန်း သုံးစွဲခဲ့သော လီဗာပူးလ်အသင်းက တတိယ နေရာတွင် ရပ်တည်နေသည်။ အခြားအသင်းများ၏ ငွေကြေးသုံးစွဲမှုနှင့် ရပ်တည်မှုများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ ![]()
ယခုနှစ်ရာသီ ငွေသုံးအကြမ်းဆုံး စစ်တမ်းနှင့် ပြီးခဲ့သော (၅)ရာသီမှ EPL ၏အသုံးစာရင်းများ
|
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com











Rangoon Time