BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, March 1, 2012

ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်



ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်
ဆာဟာအား ကြောက်ရွံ့နေသည့် ဖာဂူဆန်
မန်ယူနည်းပြကြီး ဖာဂူဆန်က လာမည့် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးစ်အသင်း
တိုက်စစ်မှူး လူးဝစ်ဆာဟာသည် မန်ယူအသင်းအား ဒုက္ခပေးမည့်ကစားသမားဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်သည်။

၂၀၀၄ ခုနှစ်က၊ ပေါင် (၁၂.၈)သန်းဖြင့် မန်ယူအသင်းအတွက် ဖာဂူဆန်ခေါ်ယူခဲ့ဖူးသည့် လူးဝစ်ဆာဟာသည် မန်ယူအသင်းတွင် ကစားခဲ့သည့်လေးနှစ်တာကာလအတွင်း ဒဏ်ရာများနှင့် နပန်းလုံးခဲ့ရသော်လည်း အသင်းအတွက် ပွဲထွက်ခဲ့သည့် (၁၂၄) ပွဲ တွင် (၄၂) ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်သည်။

" သူဟာ  အံ့ဖွယ်တိုက်စစ်မှူးပါ၊ ပြီးတော့ သူဟာ ဂရိတ် ခြေထောက်နှစ်ချောင်းကိုလည်းပိုင်ဆိုင်ထားပါတယ်၊ လျှင်မြန်မှုရှိပြီး၊ ခေါင်းတိုက်ဂိုးသွင်းနိုင်မှုလည်း ပြုလုပ်နိုင်သူပါ၊ " ဟု ဖာဂူဆန်က ဆာဟာ အားချီးကျူးခဲ့သည်။

ဖာဂူဆန်သည် ဆာဟာအား အဲဗာတန်အသင်းသို့ရောင်းချခဲ့သော်လည်း၊ ဆာဟာသည် ယခုနှစ် ဇန်န၀ါရီတွင် စပါးစ်အသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။

" သူ့ကို ထွက်ခွာခွင့်ပေးလိုက်တဲ့အတွက် အဲဗာတန်အသင်းပျော်ရွှင်ခဲ့မှာပါ၊ ဆာဟာ ဟာ စပါးစ်အသင်းကို ပြောင်းရွှေ့ပြီး၊
မကြာမီမှာပဲ ဂိုး နှစ် ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဆာဟာ ဟာ စံနမူနာယူထိုက်တဲ့ ကစားသမားမျိုးပါ "

ဆာဟာသည် ပြီးခဲ့သည့် အာဆင်နယ်အသင်းအား (၅-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင်လည်း စပါးစ်အသင်းအတွက် ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့သေးသည်။

ဆက်လက်ပြီး၊ ဖာဂူဆန်က စပါးစ်အသင်းသည် ကြောက်စရာကောင်းသည့်အသင်းတစ်သင်းဖြစ်ကြောင်း၊ တိုက်စစ်အားသန်သည့် ကစားသမားများနှင့် စုဖွဲ့ထားပြီး၊ ညီညွတ်သည့်အသင်းတစ်သင်းဖြစ်ကြောင်း၊ ပွဲကောင်းတစ်ပွဲဖြစ်လာမှာ ကျိန်းသေကြောင်း ပြောကြားသွားခဲ့သည်

--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်