စပါးစ် အသင်းမှာ ပုံမှန်ခြေစွမ်းပြန်ရပြီး ရာသီကုန်တွင် မြို့ခံပြိုင်ဘက် အာ ဆင်နယ် အသင်း၏ အထက် တတိယ နေရာတွင် ရပ်တည်နိုင်မည်ဟု ဆာ ဟာမှ ယုံကြည်နေကြောင်း သိရသည်။ပထမ ရာသီဝက်တွင် အကောင်းဆုံး ခြေစွမ်ဖြင့် အမှတ်ပေး ချန်ပီယံဆုကို စိန်ခေါ်နိုင် ခဲ့သော်လည်းနောက်ဆုံး ကစားခဲ့သည့် (၅) ပွဲ ဆက် တိုက် နိုင်ပွဲပျောက်ဆုံး နေသည့် စပါးစ် အသင်းမှာ ကစားရန် (၈)ပွဲသာ ကျန်ရှိနေချိန်တွင် တတိယ နေရာအား အာဆင်နယ် အသင်းကို ဖယ်ပေး ခဲ့ရသည်။
သို့သော်လည်း ဆာဟာမှ စပါးစ် အသင်းမှာ နောက် တစ်ကြိမ် ခြေစွမ်းပြနိုင် စွမ်း ရှိနေသေးသည်ဟု ယုံကြည်နေကြောင်း သိရသည်။ "ဒါက ဘောလုံးပါ။ အရာအားလုံးက လျှင်မြန်စွာ ပြောင်းလဲနေပါတယ်။ အာဆင်နယ် အသင်း က ယုံကြည်မှု နဲ့အတူ ရှေ့ဆက်သွား နေပါတယ်။
သူတို့က ကျွန်တော်တို့ အထက် မှာရှိနေပြီး အကောင်းဆုံး ခြေစွမ်းမှာ ရှိနေပါတယ် ဒါပေမယ့် ဒါက ကျွန်တော်တို့ မလုပ်နိုင်တဲ့ အရာ မဟုတ်ပါဘူး"ဟု ဆာဟာမှ ပြောဆိုခဲ့သည်။ ဆာဟာမှ ဆက်လက်ပြီး အဒီဘာယော၊ ဂါလက်စ်နှင့် ဗန်ဒါဗက် တို့လို အတွေ့အကြုံရင့် ကစားသမား ရှိနေ၍ တတိယ နေရာကို ရယူရန် အခက်အခဲ မရှိကြောင်း ပြောဆိုခဲ့သည်။
--
ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com










Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်