BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, March 30, 2012

ငလျင်လှုပ်ချိန်တွင် မက္ကဆီကို ရောက်နေသည့် သမ္မတ အိုဘားမား၏ သမီးထိခိုက် ဒဏ်ရာရမှု မရှိ


ငလျင်လှုပ်ချိန်တွင် မက္ကဆီကို ရောက်နေသည့် သမ္မတ အိုဘားမား၏ သမီးထိခိုက် ဒဏ်ရာမှု မရှိသမ္မတ ဘားရက်အိုဘားမား ၏သမီးကြီး မာလီယာသည် မက္က ဆီကိုတွင် မတ်လ ၂၀ ရက်၌ အင် အားကောင်းသည့် ငလျင်ကြီးတစ်ခု အတွင်းဘေး ကင်းပြီး အန္တရာယ်မရှိ ခဲ့ကြောင်း အိမ်ဖြူတော်က ပြော ကြားသည်။
မာလီယာ (၁၃) နှစ် သည် မက္ကဆီကို အနောက်တောင် ပိုင်းရှိ အောက်ဇာကာတွင် ကျောင်း အုပ်စုတစ်ခုနှင့်အတူ အားလပ်ရက် ခရီးထွက်လျက်ရှိသည်။ အမေရိ ကန် ဘူမိဗေဒတိုင်းတာရေးဌာနက အောက်ဇာကာတွင် ကနဦးပိုင်း၌ ပြင်းအား ၇ ဒသမ ၆ ရှိ ငလျင်ကြီး တစ်ခုလှုပ်သွားကြောင်း ပြောကြား သည်။ ငလျင်ကြီးအပြီးတွင် မက္က ဆီကိုတောင်ပိုင်း၌ငလျင်ငယ်တစ်ခု လှုပ်ခဲ့သည်။ မက္ကဆီကို စီးတီးတွင် အဆောက်အအုံများ ယိမ်းထိုးသွား ခဲ့ကြပြီးထိတ်လန့်နေကြသောအလုပ် သမားများနှင့် ဒေသခံများသည် လမ်းမများပေါ်သို့ ပြေးဆင်းသွားခဲ့ ကြသည်။ သမ္မတကတော်၏ လူထု ဆက်သွယ်ရေးဒါရိုက်တာခရစ္စတီး နား ရှာကီက မာလီယာအိုဘားမား သည် ဘေးအန္တရာယ် ကင်းရှင်း ကြောင်း ပြောကြားသည်။ ထုံးစံ အရ အိမ်ဖြူတော်ကို အိုဘားမား ၏ ကလေးများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးလေ့ မရှိပေ။ သို့သော် ငလျင်ကိစ္စကြောင့်ြွခင်းချက်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၀ ရက်နေ့တွင် ပြင်း အား ၇ ဒသမ ၄ ရှိ ငလျင်တစ်ခု မက္ကဆီကို၌လှုပ်ခဲ့ရာ တိုင်းပြည်၏ အလယ်ပိုင်းနှင့်တောင်ပိုင်းဒေသ များလှုပ်ရှားသွားသည်။ မက္ကဆီကို စီးတီးတွင် လူသွားတံတားတစ်ခု ပြိုကျကာ အဆောက်အအုံများ ယိမ်းထိုးသွားခဲ့သည်။
သမ္မတက အဓိကထိခိုက်ပျက်စီးမှုသတင်းများ လတ်တလောမရကြောင်းပြောကြား သည်။ အောက်ဆာကာနှင့် ဂွါရာဂို ပြည်နယ်များ၏ နယ်စပ်များအနီး ကနေ ဦးငလျင်အပြီး မြို့တော်၌ ပြင်းအား၅ဒသမ၁ရှိ အင်အားနည်း သောနောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခဲ့သည်။ ဒေသစံတော်ချိန်မွန်း လွဲပိုင်းတွင် ငလျင်လှုပ်ပြီး မိနစ် အနည်းငယ်ကြာပြီးနောက် ထိတ် လန့်နေကြသည့် အလုပ်သမား များနှင့် ဒေသခံများသည် လမ်းမ များပေါ်သို့စုပြုံထွက်လာကြသည်။ မြို့တော်နှင့် ငလျင်ဒဏ်ခံရသည့် ဒေသအနှံ့တယ်လီဖုန်းဝန်ဆောင်မှု ပျက်ပြားသွားခဲ့သည်။ ခရီးသည် ၄၀ခန့်သည် မက္ကဆီကိုစီးတီး လေ ဆိပ်လေကြောင်းရထားပေါ်တွင် အချိန်အနည်းငယ်ကြာ သောင် တင်ခဲ့ကြသည်။
လေဆိပ်ကို အချိန် အတော်ကြာပိတ်ခဲ့သည်။ သို့သော် အရာရှိများက လေယာဉ်ပြေးလမ်း ပျက်စီးခြင်းမရှိကြောင်းနှင့် လေ ယာဉ်ပြေးဆွဲမှု များပြန်လည် စတင်ခဲ့ ကြောင်းပြောကြားသည်။မက္ကဆီကို စီးတီးတွင် လူသွားတံတားတစ်စင်း ပြိုကျပြီး မိုက္ကရိုဘတ်စ်တစ်စီး ပျက်စီးသည့် အိုမီတီပက်မြို့မှ ၂၅ ကီလိုမီတာအကွာတွင် တည်ရှိ သည့် ငလျင်၏ဗဟိုချက်တောင်ပိုင်း ဂွါရီဂိုပြည်နယ်တွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။ အိမ်နီး ချင်း အောက်ဆာကာပြည်နယ် တွင်လည်း ငလျင်ကြီးအပြီးနောက် ဆက်တွဲ ငလျင်နှစ်ခုအပါအဝင် အကြီးအကျယ်လွှမ်းခဲ့သည်။ ပြည် နယ်နှစ်ခုစလုံးမှ အုပ်ချုပ်ရေးမှူး များက အဓိကထိခိုက်ပျက်စီးသည့် သတင်းများမရကြောင်း ၄င်းတို့၏ တွစ်တာများပေါ်တွင်ဖော်ပြခဲ့သည်။


--
 ဓါတ်ပုံမမြင်ရရင်ဘလော့မှာကြည့်ပါ...
ဖိုးခိုင်www.bsphoekhaing.blogspot.com

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်