
ဘိုင်ယန်နှင့် ဆီမီးဆိုင်နယ်ပွဲမတိုင်မှီ ရော်နယ်ဒို၏ဖိနပ်ခိုးယူခံခဲ့ရခြင်း
ဘိုင်ယန်နှင့်ပွဲမတိုင်မှီ ရော်နယ်ဒို၏ ဂျာစီ ၊ ဖိနပ်သာမက ဘင်ဇီမာ၏ ဂျာစီနှင့် အိုဇေးတို့၏ ဂျာစီများပါ ခိုးယူရန် ပစ်မှတ်ထားခံ ခဲ့ရကြောင်းသိရသည်။
ဒီကစားသမား(၃) ယောက်ဟာ ပွဲမကစားမှီ ဂျာစီနှင့်ဖိနပ်တို့ကို ကြိုတင်ပြင်ဆင်ထားသော်လည်း ပွဲမတိုင်မှီ ခိုးယူခံရခြင်းဖြစ်သည်ဟုဆိုသည်။
မာကာသတင်းစာအဆိုအရ ဖိနပ်ခြောက်စုံနှင့် ဂျာစီအင်္ကျီအချို့ ရီးရဲမက်ဒရစ် အ၀တ်လဲခန်းမှခိုးယူခံရခြင်းဖြစ်ပြီး အ၀တ်လဲခန်းရှိရာ ဘိုင်ယန်ကွင်းတွင် cctv ကင်မရာများလည်းတပ်ဆင်ထားပြီး မည်သို့ခိုးယူသည်ကို မသိရှိသေးကြောင်း ဖော်ပြခဲ့ကြသည်။
ရော်နယ်ဒိုရဲ့ ဖိနပ် ၃စုံခိုးယူခံခဲ့ရသလို အိုဇေးနှင့်ဘင်ဇီမာတို့၏ ဖိနပ်များလည်းခိုးယူခံခဲ့ရကြောင်းသိရသည်။ ထိုပွဲစဉ်တွင် ရီးရဲသည် ဘိုင်ယန်ကို တိုက်စစ်မှူး ဂိုးမက်ဇ်၏နောက်ကျဂိုးဖြင့် ၂ - ၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
" ရော်နယ်ဒိုရဲ့ ဖိနပ်တွေ အခိုးခံရတယ် ၊ ဘိုင်ယန်လိုအသင်းရဲ့ကွင်းမှာ ဖိနပ်ခိုးတာ ရှက်စရာပါ၊ ဘာနေဗျူးမှာတော့ ဒါမျိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး "လို့ဘိုင်ယန်နှင့်ပွဲမတိုင်မှီပွဲကြို သတင်းစာရှင်းလင်းပွဲမှာမ်ာရင်ဟိုက ပြောကြားခဲ့သည်။
ရီးရဲက ဒီအဖြစ်အပျက်ကို uefa သို့တင်ပြထားသော်လည်း ဘိုင်ယန်အသင်းကမူ ဒီခိုးယူမှုနှင်ပတ်သတ်လို တစ်စုံတစ်ရာ
ဖြေရှင်းပေးခြင်း မရှိသေးပေ။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်