BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Thursday, April 19, 2012

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်


ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တည်ထောင်မည်ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မိခင် အမည်ဖြစ်သော ဒေါ်ခင်ကြည် အမည်နှင့် ဖောင်ဒေးရှင်းတစ်ခုကို ဧပြီ ၁၆ ရက်တွင် ကျရောက် မည့် ဒေါ်ခင်ကြည်နှစ် (၁၀၀)ပြည့်၌ တည်ထောင်ကာ လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင် သွားမည်ဟု အင်န်အယ်လ်ဒီမှ ပြောခွင့်ရှိသူ ဦးဉာဏ်ဝင်း ကပြောသည်။
အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲပြုလုပ်သော ဧပြီ ၇ ရက်တွင် ဒေါ်အောင်ဆန်းစု ကြည်က ဒေါ်ခင်ကြည် အမည်နှင့် ဖောင်ဒေးရှင်း ထူထောင်မည်ဟု ပြောကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဇဗ္ဗူသီရိမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ ဒေါ်စန္ဒာမင်းက ပြောသည်။ "အခုတောင် ကျပ်သိန်းတစ်ရာနဲ့ စနေပြီ" ဟုမင်္ဂလာတောင်ညွှန့်မြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကဆိုသည်။
ကူညီရေးအစီအစဉ်များကို ကော့မှူးမြို့နယ်မှ စတင်မည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအထိ လတ်တလောလိုအပ်ချက်များအား တတ်နိုင် သမျှကူညီ သွားမည်ဟု လှည်းကူး မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းကပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏မိခင် ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုနှစ် စက်တင်ဘာ ၆ ရက်တွင် လက်ထပ်ခဲ့ပြီး ၁၉၆၀ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရကာ ၁၉၈၈ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်