![]()
စပါယ်ရှယ်ဝမ်းနှင့် ပြန်လည်လက်တွဲရန် စဉ်းစားနေသည့် ဒရော့ဘာ
ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း သိရှိရသည်။
အသက် (၃၄)နှစ်ရှိ ဒရော့ဘာအား စပိန်အသင်းက အလိုရှိနေပြီး၊ နှစ်နှစ်စာချုပ်ချုပ်ဆိုရန် နှစ်ဖက် ကိုယ်စားလှယ်များဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။ ချယ်လ်ဆီး၏ ချန်ပီယံလိဂ်သူရဲကောင်းအား မော်ရင်ညိုသည် (၂၀၀၄)တွင် စတမ်းဖို့ဒ်ဗရစ်ခ်ျသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ဒရော့ဘာသည် မနှစ်က ပေါ်တူဂီနည်းပြ၏ အလိုရှိသည့် စာရင်းတွင်ပါဝင်ခဲ့သော်လည်း၊ ပြောင်းရွှေ့ကြေးကြောင့် စာချုပ်ကိစ္စမှာ ပျက်ပြယ်ခဲ့ရသည်။သို့ပါသော်လည်း လက်ရှိတွင် မော်ရင်ညိုသည် ဘာနေဗျူအသင်း၏ အပြောင်းအရွှေ့ပေါ်လစီအား အလုံးစုံထိန်းချုပ်ထားပြီး၊ ဒရော့ဘာမှာလည်း အေးဂျင့်လွတ်လပ်သူတစ်ဦးဖြစ်နေခြင်းကြောင့် ချယ်လ်ဆီးတိုက်စစ်မှူး၏အပြောင်းအရွှေ့ကိစ္စမှာ တစ်ဖန်ပြန်ဖြစ်လာဖွယ် ရှိနေသည်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးသည် တရုတ်ရှန်ဟိုင်းကလပ်၏ မက်လောက်စရာ ကမ်းလှမ်းမှုကြောင့်၊ စပိန်၊ အီတလီ၊ ဂျာမနီနှင့် ရုရှားကလပ်များ၏ စိတ်ဝင်စားမှုများအား ပယ်ချထားသည်။ သို့ပါသော်လည်း၊ ယာယီကစားသမားနည်းပြ အနယ်လ်ကာ၏နေရာအား အာဂျင်တီးနားနည်းပြ ဆာဂျီယို ဘာတစ္စတာဖြင့် အစားထိုးထားမှုအခြေအနေအပါအ၀င်၊ လက်ရှိ ရှန်ဟိုင်းကလပ်တွင် ရှုပ်ထွေးမှုများရှိနေခြင်းက ဒရော့ဘာအတွက် တရုတ်ကလပ်သို့ပြောင်းရွှေ့ရန် စဉ်းစားစရာ အချက်တစ်ခု ဖြစ်နေသည်။ ![]() မော်ရင်ညို၏ ရီးရဲလ်အတွက် ချန်ပီယံလိဂ်ဖလား ရယူပေးချင်နေမှု၊ ဒရော့ဘာလို နာမည်ကြီးကစားသမားတစ်ယောက်အတွက် နောက်ထပ် ဥရောပဖလားတစ်လုံး ရယူနိုင်မည့် အခွင့်အရေး စသည့်အချက်များက အိုင်ဗရီကို့စ်တိုက်စစ်မှူး၏ အပြောင်းအရွှေ့ဖြစ်လာနိုင်သည့် အခြေအနေများဖြစ်သည်။ တဆက်တည်းမှာပင်၊ ချယ်လ်ဆီးအသင်း၏ နောက်ထပ်ချန်ပီယံလိဂ်သူရဲကောင်းတစ်ဦးဖြစ်သူ ပီတာဆက်ခ်ျသည် စတမ်းဖို့ဒ်ဗရစ်ခ်ျအသင်းနှင့် လေးနှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အဆိုပါချက်ဂိုးသမားသည် ချယ်လ်ဆီးအသင်းတွင် အခြားနိုင်ငံခြားသားကစားသမားများထက် ပွဲအရေအတွက်ပိုကစားထားသည့် ကစားသမားဖြစ်ပြီး၊ စုစုပေါင်း (၃၆၉)ပွဲကစားထားကြောင်း သိရှိရသည်။ |
Tuesday, May 29, 2012
ဒီဒီယာဒရော့ဘာသည် ရီးရဲလ်မက်ဒရစ်တွင် ဆရာဟောင်း ဂျိုဆေးမော်ရင်ညိုနှင့် ပြန်လည်ပေါင်းစည်းရန် စဉ်းစားနေကြောင်း
Labels:
ဘောလုံးသတင်း
Subscribe to:
Post Comments (Atom)


ချယ်လ်ဆီး၏ ချန်ပီယံလိဂ်သူရဲကောင်းအား မော်ရင်ညိုသည် (၂၀၀၄)တွင် စတမ်းဖို့ဒ်ဗရစ်ခ်ျသို့ ခေါ်ဆောင်လာခဲ့ပြီး၊ ဒရော့ဘာသည် မနှစ်က ပေါ်တူဂီနည်းပြ၏ အလိုရှိသည့် စာရင်းတွင်ပါဝင်ခဲ့သော်လည်း၊ ပြောင်းရွှေ့ကြေးကြောင့် စာချုပ်ကိစ္စမှာ ပျက်ပြယ်ခဲ့ရသည်။








Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်