BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Monday, May 7, 2012

ချယ်လ်ဆီးအသင်းကလည်း ဒရော့ဘာ အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။

ဒရော့ဘာအား စာချုပ်သစ်ချုပ်ဆိုသင့်ကြောင်း ချယ်လ်ဆီးအသင်းအား တိုက်တွန်းပြောကြားလိုက်သည့် ဂျွန်တယ်ရီ
ဒရော့ဘာအား စာချုပ်သစ်ချုပ်ဆိုသင့်ကြောင်း ချယ်လ်ဆီးအသင်းအား တိုက်တွန်းပြောကြားလိုက်သည့် ဂျွန်တယ်ရီ
ချယ်လ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက အသင်းအနေဖြင့် တိုက်စစ်မှူးဒရော့ဘာအား စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း ပြောကြားလိုက်သည်။

ဒရော့ဘာ (၃၄)နှစ်သည် ဒီရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ ဂျွန်တယ်ရီက ဒရော့ဘာ၏ အက်ဖ်အေဖလားဖိုင်နယ် ဂိုးသွင်းမှတ်တမ်းအရ၊ စာချုပ်သစ်ချီးမြှင့်သင့်ကြောင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"ဒရော့ဘာ အသင်းက ထွက်ခွာမယ်ဆိုရင်တော့ ဒါဟာ အရမ်းရှက်ဖို့ကောင်းပါလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အသင်းအတွက် အံ့အားသင့်ဖွယ်စွမ်းဆောင်ပေးခဲ့တာပါ"

"ဒရော့ဘာဟာ ချယ်လ်ဆီးကို ချစ်မြတ်နိုးပြီး၊ နောက်ရာသီ သူအသင်းမှာ ဆက်ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ နှစ်ပတ်က ချန်ပီယံလိဂ်မှာ အံ့အားသင့်ဖွယ် စွမ်းဆောင်ခဲ့ပါတယ်၊ ဒရော့ဘာအနေနဲ့ အသင်းမှ ဆက်ရှိသင့်တယ်လို့ ထင်ပါတယ်"ဟု တယ်ရီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လီဗာပူးအား (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူပြီးနောက်၊ ဒရော့ဘာသည် အက်ဖ်အေဖလားဖိုင်နယ် လေးကြိမ်တွင် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာခဲ့သည်။

ဒရော့ဘာအား တရုတ်ဘက်မှ နှစ်နှစ်စာအတွက် ပေါင်သန်း (၂၀)ဖြင့် ခေါ်ယူရန်ကတိပြုထားစဉ်တွင်၊ ချယ်လ်ဆီးအသင်းကလည်း သူ့အား တစ်နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းထားသည်။

လက်ရှိတွင် ဒရော့ဘာသည် ၀င်ဘလေတွင်ကစားခဲ့သည့် ရှစ်ပွဲတွင် ရှစ်ဂိုးသွင်းယူထားသည်။

"တီဗီအစီအစဉ်တင်ဆက်သူ မပြောခင်အချိန်အထိ၊ ကျွန်တော် ပြီးခဲ့တဲ့ စနေမှာ မှတ်တမ်းတစ်ခု ရေးထိုးလိုက်တယ်ဆိုတာ မသိခဲ့ပါဘူး၊"

"၀င်ဘလေကို ပြန်လာပြီး၊ ဂိုးထပ်သွင်းချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်စွမ်းဆောင်ခဲ့တာကို ကျေနပ်ခဲ့ပြီးပါပြီ၊ ပွဲအပြီးမှာ ကျွန်တော် ကွင်းပြင်ကို နမ်းခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအောင်ပွဲခံတာ အရမ်ကောင်းပြီး၊ မှတ်မိနိုင်တာမို့ပါ"ဟု ဒရော့ဘာက ပြောကြားသွားခဲ့သည်။


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်