ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားသည့် အလန်ပါဂျူးနှင့် ကွန်ပနီ
နယူးကာဆယ်လ်နည်းပြ အလန်ပါဂျူးနှင့် မန်စီးတီးကပ္ပတိန် ကွန်ပနီတို့မှာ ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများ ရရှိသွားကြောင်း သိရှိရသည်။
အလန်ပါဂျူးသည် ဒီရာသီ နယူးကာဆယ်အသင်းအား ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေမည့် အဆင့်လေးနေရာအား စိန်ခေါ်နိုင်သည်အထိ ဦးဆောင်မှု ပေးနိုင်ခဲ့သည့်အတွက် အဆိုပါဆုအား ရရှိခဲ့ခြင်းဖြစ်ပြီး၊ ကွန်ပနီမှာမူ ပြီးခဲ့သည့် မန်ချက်စတာဒါဘီတွင် မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့မှုအပါအ၀င်၊ ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေသည့် မန်စီးတီးအသင်းအား အကောင်းဆုံးဦးဆောင်မှု ပေးနိုင်ခဲ့သဖြင့်၊ ယခုနှစ်ရာသီ ဘာကလေ အကောင်းဆုံးကစားသမားဆုအား ချီးမြှင့်ခံရခြင်းဖြစ်သည်။
လက်ရှိတွင် လက်ကျန်တစ်ပွဲစီကစားရန် ကျန်ရှိမှုနှင့်အတူ၊ နယူးကာဆယ်အသင်းမှာ အဆင့် ငါးနေရာတွင် ရပ်တည်နေပြီး၊ မန်စီးတီးအသင်းမှာမူ ဂိုးကွာခြားချက်အသာဖြင့် မန်ယူအသင်း၏ အထက်တွင် ဦးဆောင်နေသည်။
လာမည့် ဒီရာသီနောက်ဆုံးပွဲစဉ်များတွင် နယူးကာဆယ်အသင်းနှင့် မန်စီးတီးအသင်းတို့မှာ အနိုင်ရလဒ်များ ရယူနိုင်ခဲ့ပါက၊ နယူးကာဆယ်အသင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဖြစ်သလို၊ မန်စီးတီးအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည် ဖြစ်သည်။

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်