BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, May 12, 2012

လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်..

လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်ပြီး၊ ဂီလာန ပါတိုအား အံ့အားသင့်ဖွယ် ရွေးချယ်လိုက်သည့် ဘရာဇီးအသင်း
လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ရော်နယ်ဒင်ညိုအား ချန်လှပ်ပြီး၊ ဂီလာန ပါတိုအား အံ့အားသင့်ဖွယ် ရွေးချယ်လိုက်သည့် ဘရာဇီးအသင်း
ဖလာမင်ဂိုစတားရော်နယ်ဒင်ညိုမှာ လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ဘရာဇီးအသင်း၏ ဆန်ခါတင်စာရင်းတွင် ချန်လှပ်ခြင်းခံရပြီး၊ ဒီတစ်ရာသီလုံး ဒဏ်ရာများနှင့် နပန်းလုံးနေသည့် အေစီမီလန်တိုက်စစ်မှူး ပါတိုမှာမူ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရသည်။

ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ညိုသည် ဘရာဇီးအသင်း၏ လာမည့် ခြေစမ်းပွဲများအတွက်၊ နည်းပြ မီနီဇက်ဇ်၏ (၂၃)ယောက်လူစာရင်းတွင် ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

ရော်နယ်ဒင်ညိုသည် အိုလံပစ်ပြိုင်ပွဲအတွက် (၅၂)ယောက် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သော်လည်း၊ နည်းပြ မီနီဇက်ဇ်၏ လန်ဒန်အိုလံပစ်ပြိုင်ပွဲအတွက် ခေါ်ယူသွားမည့် ကစားသမားစာရင်းအား မကြေညာခင်၊ နောက်ဆုံးဆန်ခါတင်စာရင်းတွင် ချန်လှပ်ခံခဲ့ရသည်။

ယခုနှစ်ဘောလုံးရာသီတစ်လျှောက်လုံး ဒဏ်ရာများ မကြခဏရရှိနေသည့် မီလန်တိုက်စစ်မှူး ပါတိုမှာမူ၊ အံ့အားသင့်ဖွယ် ရွေးချယ်ခံခဲ့ရသလို၊ ဖလာမီနီတိုက်စစ်မှူး ၀ယ်လင်တန်မှာလည်း ဘရာဇီးလက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးခေါ်ယူခြင်း ခံခဲ့ရသည်။

ဘရာဇီးအသင်းသည် ဇွန်(၉) အာဂျင်တီးနား၊ ဇွန်(၃) မက္ကဆီကို၊ မေ (၃၀) အမေရိကန်အသင်းတို့နှင့် ခြေစမ်းပွဲမကစားခင်၊ မေလ (၂၆)တွင် ဒိန်းမတ်အသင်းနှင့် စတင်ခြေစမ်းမည်ဖြစ်သည်။

လာမည့် လန်ဒန်အိုလံပစ်တွင် ဘရာဇီးအသင်းသည် အီဂျစ်၊ ဘီလာရပ်စ်၊ နယူးဇီလန်တို့နှင့် တစ်အုပ်စုတည်းကျလျှက် ရှိနေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်