ဘရာဇီးလ် လက်ရွေးစင်ဟောင်း ရော်နယ်လ်ဒင်ဟိုသည် ယခုအခါ ဘရာဇီးလ် ပြည်တွင်းကလပ် အက်သလက်တီကို မီလ်နဲရိုးနှင့် စာချုပ် လိုက်ပြီဟု သိရှိရသည်။
ဖလာမင်ဂို အသင်းထံမှ လုပ်ခလစာ အပြည့်အ၀ မရရှိမှုကြောင့် လမ်းခွဲလာသည့် ကွင်းလယ်တိုက်စစ် ကစားသမားသည် ပြည်တွင်း ကလပ် တစ်ခုသို့ လျင်လျင်မြန်မြန်ပင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဖ
လာမင်ဂိုသည် ရော်နယ်လ်ဒင်ဟိုအား လုပ်ခလစာ လက်ကျန် ဒေါ်လာ သန်း(၂၀)မျှထိ ပေးချေရန် ကျန်ရှိ နေသေးကြောင်း သတင်းများက ဆိုသည်။ အသက်(၃၂)နှစ်ရှိပြီ ဖြစ်သော ဘရာဇီးလ်နှင့် အေစီမီလန် ကြယ်ပွင့်ဟောင်းသည် ဗုဒ္ဓဟူးနေ့တွင် ဘာဟီရာနှင့် ကစားမည့် ပွဲစဉ်၌ အသင်းသစ် အတွက် ပွဲထွက်လာဖွယ် ရှိနေသည်။"ကျွန်တော်တို့ ခေါ်လိုက်တာ ရိုးရိုး ကစားသမား တစ်ယောက် ဆိုတာထက် ပိုပါတယ်။ သူဟာ ရော်နယ်လ်ဒင်ဟိုပါ"ဟု မီနဲလ်ရိုး အသင်း ဥက္ကဋ္ဌ အလက်ဇန္ဒား ကာလီက ဆိုသည်။ ရော်နယ်လ်ဒင်ဟိုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုကို (၂၀၀၄)ခုနှစ်နှင့် (၂၀၀၅)ခုနှစ်တို့တွင် ဆွတ်ခူး ရယူနိုင်ခဲ့သည်။ မီနဲလ်ရိုးသည် ဘီလိုဟိုရီဇွန်တီ အရပ်တွင် အခြေစိုက်သော အသင်းကြီး နှစ်ခုအနက် တစ်ခုဖြစ်ပြီး ယမန်နှစ် ဘောလုံး ရာသီက အဆင့်(၁၅)သာ ချိတ်ခဲ့သည်။ ရော်နယ်လ်ဒင်ဟိုသည် ဖလာမင်ဂို ထံသို့ (၂၀၁၁)ခုနှစ်၊ ဇန်န၀ါရီ လကမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကြွေးကျန် ကိစ္စများကြောင့် အသင်းနှင့် လမ်းခွဲသွားခြင်း ဖြစ်သည်။
ဖလာမင်ဂို အသင်းထံမှ လုပ်ခလစာ အပြည့်အ၀ မရရှိမှုကြောင့် လမ်းခွဲလာသည့် ကွင်းလယ်တိုက်စစ် ကစားသမားသည် ပြည်တွင်း ကလပ် တစ်ခုသို့ လျင်လျင်မြန်မြန်ပင် ပြောင်းရွှေ့သွားခြင်း ဖြစ်သည်။ ဖ

0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်