အသက်(၂၇)နှစ်ရှိ ပေါ်တူဂီ လက်ရွေးစင် တောင်ပံ ကစားသမားသည် မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲလ်သို့ ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် (၂၀၀၉)ခုနှစ်က ရောက်ရှိခဲ့သည်။ ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ကစားသမား ဘ၀တစ်လျှောက် အတောက်ပဆုံး ခြေစွမ်းကို ပိုင်ဆိုင် လာနိုင်ခဲ့ပြီး ရီးယဲလ်နည်းပြ ဟိုဆေး မော်ရင်ဟို အားအထားရဆုံး လက်ရုံးတစ်ဆူ ဖြစ်လာခဲ့သည်။ ၎င်းသည် မိမိ၏ အနာဂတ်ကို တိတိကျကျ မပြောနိုင်ဟု ဖွင့်ဟ ခဲ့ဖူးသော်လည်း ယခုအခါ ရီးယဲလ်တွင်သာ ကစားသမား ဘ၀ အဆုံး သတ်လိုကြောင်း ပြောကြားသွားသည်။

ရော်နယ်လ်ဒိုက ဘာနေဗျူး ကွင်းကြီးတွင် မိမိ၏ ကစားသမားဘ၀ ဆုံးခန်း တိုင်သည်အထိ ရှိသွားလိုကြောင်း Marca သတင်းစာသို့ ပြောကြားခဲ့သည်။ "ကျွန်တော် ရိုးရိုးသားသားပဲ ပြောပါမယ်။ ရီးယဲလ်မှာပဲ ကျွန်တော့် ကစားသမား ဘ၀ကို အဆုံး သတ်ချင်ပါတယ် ဆိုတဲ့အကြောင်း ဘယ်သူ့ မျက်လုံးထဲကိုမဆို စိုက်ကြည့်ပြီး ကျွန်တော် ပြောရဲပါတယ်" ဟု ရော်နယ်လ်ဒိုက ပြောဆိုခဲ့သည်။ ရော်နယ်လ်ဒိုသည် ပြီးခဲ့သည့် ဘောလုံး ရာသီက လာလီဂါ ပွဲစဉ် (၃၈)ပွဲတွင် (၄၆)ဂိုး သွင်းယူ နိုင်ခဲ့သည်။

ကျွန်တော်ဟာ တိုးတက်ဖို့ အမြဲ ကြိုးစား နေမှာပါ။ နောက်ထပ် ဘောလုံး ရာသီတွေမှာလည်း ဒီရာသီ သွင်းဂိုးထက် ပိုရဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်စိန်ခေါ် သွားမှာ ဖြစ်ပါတယ်" ဟု ပြောဆိုသွားသည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်