

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၂ AFF ဆူဇူကီးဖလား ခြေစစ်ပွဲ ပွဲစဉ်များသို့ အရှေ့တောင် အာရှ၏ အနိမ့်ဆုံး ၅သင်းအဖြစ် သတ်မှတ်ခြင်း ခံရသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်း၊ အရှေ့တီမောတို့ ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကာ (၅)သင်း အုပ်စုပတ်လည် ကစားရမည် ဖြစ်သည်။ ပွဲစဉ်များ အပြီးတွင် အုပ်စု ထိပ်ဆုံး နှစ်သင်း ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်ကာ မလေးရှားနှင့် ထိုင်းတို့က နိုဝင်ဘာ ၂၄ရက်နေ့မှ ဒီဇင်ဘာ ၁ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အုပ်စုအဆင့် ပွဲစဉ်များသို့ တက်ရောက်နိုင်မည် ဖြစ်သည်။အုပ်စုအဆင့် မဲခွဲမှုများအား ဇူလိုင်လ ၁၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ထိုင်းနိုင်ငံက အိမ်ရှင်လုပ်မည့် အုပ်စု (က)တွင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ခြေစစ်ပွဲ အုပ်စု ပထမ အသင်းတို့ ပါဝင်မည် ဖြစ်သည်။ မလေးရှားက အိမ်ရှင်လုပ်မည့် အုပ်စု (ခ)တွင်မူ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ခြေစစ်ပွဲ အုပ်စု ဒုတိယရ အသင်းတို့ ပါဝင်မည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲစဉ်များကိုမူ အိမ်ကွင်း/ အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့စီ ကစားစေမည် ဖြစ်သည်။
ထိုင်းနိုင်ငံက အိမ်ရှင်လုပ်မည့် အုပ်စု (က)တွင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ခြေစစ်ပွဲ အုပ်စု ပထမ အသင်းတို့ ပါဝင်မည်ဖြစ်...ခြေစစ်ပွဲစဉ်များနှင့် ပတ်သက်၍ မြန်မာ ယူ-၂၂ အသင်း၏ အုပ်ချုပ်သူ ဦးသန်းတိုးအောင်က မြန်မာအသင်း ခြေစစ်ပွဲ အောင်မြင်ရန် အခိုင်အမာ ယုံကြည်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။ "မြန်မာအသင်း သေချာပေါက် ခြေစစ်ပွဲ အောင်ပါလိမ့်မယ်။ ပတ်ဆောင်ဟွာကို ကျွန်တော် ယုံပါတယ်" ဟု ဦးသန်းတိုးအောင်က Soccer Myanmar သို့ ဖွင့်ဟ ပြောကြားခဲ့သည်။
မြန်မာအသင်း၏ ခြေစစ်ပွဲ ပွဲစဉ်များ
အောက်တိုဘာ ၅ မြန်မာ vs ဘရူနိုင်း
အောက်တိုဘာ ၇ အရှေ့တီမော vs မြန်မာ
အောက်တိုဘာ ၁၁ မြန်မာ vs ကမ္ဘောဒီးယား
အောက်တိုဘာ ၁၃ လာအို vs မြန်မာ
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်