BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, July 15, 2012

လန်ဒန် အိုလံပစ် တွင် အိမ်ရှင် ဗြိတိန်အသင်း ကစားသမား ၅၄၂ ဦး ပါဝင် ယှဉ်ပြိုင်မည်

လာမည့် လန်ဒန် အိုလံပစ်တွင် အိမ်ရှင် ဂရိတ်ဗြိတိန် အသင်းသည် ကစားသမား   ၅၄၂ ဦးနှင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ရာ ဗြိတိန်အတွက် နှစ်ပေါင်း ၁၀၄ နှစ်အတွင်း အင်အားအကြီးဆုံး အားကစား အဖွဲ့ဖြစ်လာဖွယ်ရှိကြောင်း သိရ သည။် ဂရိတ်ဗြိတိန် အားကစားအ ဖွဲ့သည် အားကစားနည်း ၂၆ မျိုးစလုံးတွင် ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပြီး ဆုတံဆိပ်စုစုပေါင်း ၄၈ ခုရရန် ရည်မှန်းထားသည်။ ပြီးခဲ့သည့် ၂၀ဝ၈ ဘေဂျင်း အိုလံပစ်တွင်မူ ဂရိတ်ဗြိတိန်အ သင်းသည် အားကစားသမား ၃၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ရွှေ၁၉ ခအု ပါအဝင် ဆုတံဆိပ် ပေါင်း ၄၇ ခုရခဲ့သည်။ ဂရိတ်ဗြိ တိန် အားကစားအဖွဲ့၏ အကြီး အကဲ အင်ဒီဟန့်ကလည်း မိမိတို့ အသင်းသည် အိမ်ရှင်အဖြစ် အကောင်းဆုံးယှဉ်ပြိုင်သွားမည် ဟုပြောသည်။ ဂရိတ် ဗြိတိန်အဖွဲ့တွင် လူ အင်အားအများဆုံး အားကစား အဖွဲ့မှာ ပြေးခုန်ပစ်အဖွဲ့ ၇၈ ဦး၊ လှေလှော်အဖွဲ့ ၄၇ ဦးနှင့် ရေကူး အဖွဲ့ ၄၄ ဦးတို့ဖြစ်ပြီး အနည်း ဆုံးအဖွဲ့ မှာ အလေးမအဖွဲ့ ဖြစ်ပြီး ကစားသမားတစ်ဦးသာ ပါဝင် သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်