
ပရီးမီးယားလိဂ် ပြိုင်ပွဲအား စပွန်ဆာ ပေးထားသည့် ဘာကလေဘဏ် နှင့် စာချုပ်သက်တမ်းတိုးရန် အတွက် သဘောတူညီချက် အသစ် ရရှိခဲ့ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခုချုပ်ဆိုခဲ့သည့် စာချုပ်သစ် အရ ဘာကလေဘဏ်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ စပွန်ဆာ အဖြစ် (၂၀၁၅-၁၆) ဘောလုံးရာသီ အထိ ဆက်လက် ရှိနေမည် ဖြစ်သည်။ သဘောတူညီချက် အသစ်၏ တန်ကြေးမှာ ပေါင်သန်း (၁၂၀)၀န်းကျင် ဖြစ်ကာ ဘာကလေ အမှတ်တံဆိပ်သည် ပရီးမီးယားလိဂ် နာမည်နှင့်အတူ ကမ္ဘာ့အနှံ့ ဖြန့်ချီခွင့် ရရှိမည်ဖြစ်သည့် အပြင် ဈေးကွက်ချဲ့ထွင်ခွင့်များ၊ ကြေငြာ အသုံးပြုခွင့်များ၊ လက်မှတ်ရောင်းချခွင့်များနှင့် ပွဲအတွင်း ၀န်ဆောင်မှုပေးခြင်းများကိုပါ ပြုလုပ်ခွင့် ရရှိမည် ဖြစ်သည်။ ဘာကလေနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတို့ကြား ချုပ်ဆိုထားသည့် တစ်နှစ် ပေါင် (၂၇.၅)သန်းတန် စာချုပ်မှာ (၂၀၁၂-၁၃) ဘောလုံးရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ယခုလို စာချုပ်သက်တမ်းတိုး ခဲ့ခြင်းလည်း ဖြစ်သည်။ ဘာကလေ အမှတ်တံဆိပ်သည် (၂၀၀၄)ခုနှစ်မှ စတင်ကာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို စပွန်ဆာ ပေးခဲ့သည့် အမှတ်တံဆိပ်လည်း ဖြစ်သည်။
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်