BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Tuesday, July 24, 2012

မျက်မမြင်တို့အတွက် ဘိုင်အိုးနစ် မျက်လုံးများ ပေါ်ပေါက်လာတော့မည်

ဒဏ်ရာကြောင့် သို့မဟုတ် ရောဂါကြောင့် မျက်စိကွယ်သွားသူ များအနေဖြင့် မြင်လွှာနေရာ၌ အစားထိုးနိုင်သော ဘိုင်အိုးနစ် မျက်လုံးများ မကြာမီပေါ်ပေါက် လာတော့မည်ဖြစ်ကြောင်း DMသတင်းဌာနက ဇွန်လ၁၅ရက်နေ့တွင် ဖော်ပြသည်။ ယင်းကို ပစ်တာစဘတ်မြို့ရှိ ကာနစ်ဂီမီယွန်တက္ကသိုလ်မှ ရှုန်းကီလီဆိုသူက တီထွင်ခဲ့ခြင်းဖြစ်သည်။ ယင်းကိုမျက်မှန်တွင် တပ်ထားသော အလွန်သေးငယ်သည့် ကင်မရာနှစ်လုံးဖြင့် ပြုလုပ်ထားပြီး ယင်းကင်မရာများက ရိုက်ကူးရရှိသော ရုပ်ပုံများကို လူနာ၏ မျက်လုံး၌တပ်ဆင်ထားသော ကွန်ပျူတာချိစ်ပ်ပြားထံ ပို့ပေးသည်။ ၎င်းချိစ်ပ်ပြားက လျှပ်စစ်စီးကြောင်းများကို ဝိုင်ယာကြိုးငယ်တစ်ခုမှ တစ်ဆင့်မြင်လွှာနောက်တွင် တပ်ဆင်ထားသော ဖလင်ပြားတစ်ခုဆီသို့ ပို့ပေးသည်။ ယင်းကမြင်လွှာ နာ့ဗ်ကြောများအား လှုံ့ဆော်ပေးပြီး အချက်အလက်များကို ဦးနှောက်ဆီသို့ ပို့ပေးကာ ရုပ်ပုံများကို မြင်ရစေသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်