အသက်ကြီးတဲ့ဖခင်မှ ရရှိသည့် ရင်သွေးငယ်များ ဗီဇဂျင်းအစီအစဉ်အရ ပိုမိုအသက်ရှည်နိုင်ကြောင်း အမေရိကန်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အမျိုးသားတွေအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ သူတို့တွေရဲ့သုက်ပိုးမှာ ဗီဇဂျင်းတွေ အပြောင်းအလဲဖြစ်တာကြောင့် မွေးလာတဲ့ကလေးငယ်တွေမှာ အသက်ပိုရှည်စေတယ်လို့ သိရပါတယ်။ အမျိုးသားသိပ္ပံအကယ်ဒမီမှ လေ့လာမှုပြုလုပ်သူတွေဟာ အမျိုးသား၁၇၇၉ ယောက်ရဲ့ DNAတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ အသက်ရှည်တာဟာ DNAခေါ်တဲ့ ခရိုမိုဆုမ်းအစွန်းမှ ဖုံးအုပ်ထားတဲ့တယ် အိုမီးယားတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်သူတွေက သိထားကြပါတယ်။ တယ်အိုမီးယားတွေဟာ ခရိုမိုဆုမ်းတွေ မပျက်စီးအောင် ကာကွယ်မှုပေးထားပြီး များသောအားဖြင့် အသက်အရွယ်ကြီးတာကြောင့် တယ်အိုမီးယားတွေ တိုသွားတတ်ပါတယ်။ ဒါပေမဲ့သုက်ပိုးတွေရဲ့ တယ်အိုမီးယားဟာ အသက်ကြီးလာတာနဲ့အမျှ ပိုရှည်လာတယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တယ်အိုမီးယားတွေ တိုနေတာဟာ အသက်တိုတယ်လို့ အဓိပ္ပာယ်ရပြီး တယ်အိုမီးယား ရှည်ရင် အသက်ပိုရှည်နိုင်ပါတယ်။ ကလေးအဖေဖြစ်မယ့်အချိန်မှာ သူရဲ့ဖခင်ဟာ အသက်ပိုကြီးလေလေ တယ်အိုမီးယား ပိုရှည်လေလေလို့ သိရပါတယ်။ အသက်ကြီးမှ ကလေးအဖေဖြစ်ခဲ့ရင် ကိုယ်ဝန်ပျက်ကျ နိုင်ခြေများပေမယ့် ရေရှည်အနေနဲ့ မွေးလာတဲ့ကလေးတွေမှာ အသက်ရှည်နိုင်တယ်လို့ ဆိုပါတယ်။ တယ်အိုမီးယားတွေ ရှည်တာကြောင့် တစ်သျှူးတွေနဲ့ ဆဲလ်ကြီးထွားမှုမြန်ဆန်တာနဲ့ ဆက်စပ်နေတဲ့ ခုခံအားစနစ်၊ အရေပြားနဲ့ အူတွေရဲ့လုပ်ဆောင်ချက်တွေမှာ အကျိုးသက်ရောက်မှု ပိုမိုများတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
Tuesday, July 24, 2012
Subscribe to:
Post Comments (Atom)










Rangoon Time
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်