BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, August 5, 2012

်တရားမျှတမှုကိုအလိုရှိတဲ့ ခရစ္စတီယာနိုင်ရော်နယ်ဒို

ခရစ္စတီယာနိုင်ရော်နယ်ဒိုသည် ပြီးခဲ့သည် ရီးရဲမက်ဒရစ်တွင် သုံးရာသီအတွင်း ဂိုးပေါင်း ၁၅၀ သွင်းယူနိုင်ခဲ့သည်။ ထို့အပြင်ပြီးခဲ့သည့် ယူရို တွင်လည်း ပေါ်တူဂီအသင်းအတွက် ခြေစွမ်းအပြနိုင်ဆုံး အခြေအနေဖြစ်ခဲ့သည်။
espn နှင့်တွေ့ဆုံရာတွင် ရော်နယ်ဒိုမှ စပိန်ကို ပယ်နယ်တီဖြင့်ရှုံးနိမ့်ခဲ့ရသော ယူရိုအကြောင်းပြန်ပြောင်းပြောကြားရာတွင် " လူတွေက ကျနော် စောစောစီးစီးပယ်နယ်တီ ဘာလို့မကန်လဲဆိုပြီး အပြစ်တင်ချင်ကြတယ်။ ကျနော်ဘာမှသိပ်မပြောချင်ဘူး။ ကျနော် ပထမဆုံးပယ်နယ်တီကိုကန်မယ်ဆိုရင်လည်း ကျနော် လွဲချော်နိုင်တာပါပဲ။ ဘေယန်နဲ့ပွဲစဉ်တုန်းကလိုပေါ့ဗျာ ကျနော် ပထမဆုံးပယ်နယ်တီကို ကန်ခဲ့တယ် ကျနော်လွဲချော်ခဲ့တယ်။ စပိန်နဲ့ပွဲစဉ်မှာဖြစ်ခဲ့တာက  ကျနော်အနိုင်ဂိုးကို သွင်းမယ်ဆိုတဲ့ စိတ်ကူးကြောင့်ပါ။ ကျနော့်ရဲ့ စိတ်ခံစားချက်ပါ။ ကျနော်မှားယွင်းခဲ့ပါတယ် ကျနော် ဘောလုံးသမားအဖြစ် အသက်မွေးလာတာ ဆယ်နှစ်ရှိပါပြီ ဒီလိုခံစားချက်တွေကို ကျနော်ခံနိုင်ရည်ရှိပါတယ်" ဟုပြောကြားခဲ့သည်။
ရော်နယ်ဒိုသည် ရီးရဲအတွက် နှစ်စဉ်ခြေစွမ်းပြခဲ့သော်လည်း မန်ယူအတွက်ကစားစဉ် ၂၀၀၈ ခုနှစ်တွင် အကောင်းဆုံးတစ်ကြိမ်ရခဲ့ပြိးနောက် နောင်နှစ်များတွင် ဘာစီလိုနာစတားမက်ဆီကြောင့် အကောင်းဆုံးဆုကို အကြိမ်ကြိမ်လွဲချော်ခဲ့ရသူဖြစ်သည်။
ဆက်လက်ပြီး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d'Or နှင့်ပတ်သက်ကာ ရော်နယ်ဒိုမှ ဆက်လက်ပြောကြားရာတွင်မူ " ကျနော်တရားမျှတမှုကိုအလိုရှိပါတယ်။ တရားမျှတမှုသာရှိမယ်ဆိုရင်ပေါ့ဗျာ ခင်ဗျားသိပါတယ် ဘယ်သူဒီဆုကိုရမလဲ ဘယ်သူကပိုထိုက်တန်လဲဆိုတာကိုပေါ့။ ကျနော်သိပ်တော့မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော်မလိမ်ပါဘူး။ ကျနော် ဒီဆုကို ရချင်ပါတယ်။ ဒီလိုပဲ မော်ရင်ဟိုလည်း အကောင်းဆုံးနည်းပြဆုကိုရစေချင်ပါတယ်။ သူဟာ ကမ္ဘာမှာအကောင်းဆုံးနည်းပြဆိုတာ ပြသားပြီးသားပါ။ တရားမျှတမှုပါပဲ။ တရားမျှတမှုကလွဲပြီး ကျန်တာတွေကျနော်မတောင်းဆိုပါဘူး " ဟုပြောကြားသွားခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်