BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Saturday, September 29, 2012

လေဆာစနစ် ဖြင့် ဆေးထိုးခြင်းကို ပြုလုပ်နိုင်တော့မည်

ကျန်းမာရေး ချို့ယွင်းသည့် အချိန် များတွင် ရောဂါ သက်သာ ပျောက်ကင်းစေရန်  ဆေးထိုးသည့်အခါ၌ အပ်အသုံးပြု၍ ဆေးထိုးရခြင်းကို ကြောက်ရွံ့သူများ အတွက် သတင်းကောင်း တစ်ရပ်အဖြစ်  နာကျင်မှု လုံးဝ မရှိစေမည့် လေဆာစနစ်ဖြင့် ဆေးထိုးခြင်း ကို ပြုလုပ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ သုတေသန ပညာရှင်များက ယင်းလေဆာစနစ်ဖြင့် ဆေးထိုးခြင်းကို ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး နှစ်စဉ်နီးပါး ပုံမှန် ထိုးနေရသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ကလေးရောဂါ ကာကွယ်ဆေးများအပြင် အခြားသော ရောဂါမျိုးစုံအား ပျောက်ကင်းရန် ထိုးရသည့် ဆေးအားလုံးကို လေဆာစနစ်ဖြင့် ထည့်သွင်းနိုင်ရန် လမ်းစ ရရှိခဲ့ပြီဟု ပြောကြားခဲ့သည်။
ထိုလေဆာစနစ်ဖြင့် ဆေးထိုးရာတွင်လည်း ပုံမှန်ဆေးထိုးသည့် စနစ်များအတိုင်း တိကျသည့် ဆေးပမာဏကို ခန္ဓာကိုယ် အတွင်း ရောက်ရှိစေ မည် ဖြစ်ပြီး ဆေးထိုး ခံရသူ အနေဖြင့် အရေပြားပေါ်သို့ ယပ်တောင်ဖြင့် ခတ်လိုက်သည့် အခါ လာရောက် တိုက်ခတ် သည့် လေပမာပင် ခံစား သိရှိနိုင်သည့် အတွက် ဆေးထိုးခံရခြင်းကို ကြောက်သူများအတွက် အလွန် အဆင်ပြေသည့် စနစ်ပင် ဖြစ်သည်။
၎င်းတို့အနေဖြင့် ဆေးရုံသုံး ပစ္စည်းတစ်ခု ဖြစ်လာရန် ရည်ရွယ် ဖန်တီးသွားမည်ဟု ပြောကြားထားပြီး ဈေးနှုန်းကိုလည်း အသက်သာဆုံးဖြင့် ဖန်တီးနိုင်ရန် သုတေသန ပညာရှင်များက ဆက်လက် ကြိုးစားနေကြကြောင်း သိရသည်။
ZZ
Pyi Myanmar
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 26, 2012

အမေရိကန်ပြည်နယ် ၂၆ ခုတွင် အလုပ် လက်မဲ့နှုန်း မြင့်မား လျက်ရှိ

အမေရိကန် ပြည်ထောင်စု တွင် အလုပ်လက် မဲ့နှုန်းမြင့်တက် လာပြီး ပြည် နယ်ပေါင်း ၂၆ ခုတွင် ၄င်းပြဿနာကို ရင်ဆိုင်နေရ ကြောင်း ပြည်နယ် အများစုသည် လွန်ခဲ့သည့် တစ်နှစ်ကထက်ပို၍ အလုပ်အကိုင်ရရှိမှု လျော့နည်းခဲ့ ကြောင်း ဖယ်ဒရယ်အစိုးရက သောကြာနေ့တွင် ထုတ် ဖော်ပြော ဆိုခဲ့သည်။
နီဗားဒါးပြည်နယ်သည် ဩ ဂုတ်လတွင် ၁၂ ဒသမ ၁ ရာခိုင်နှုန်း ဖြင့် အလုပ်လက်မဲ့ဦးရေ အမြင့်ဆုံး ဖြစ်ခဲ့သည်ဟု သိရသည်။ ရို့ဒ်လန့် ဒေသသည် ၁၀ ဒသမ ၇ ရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်ပြီး ကာလီဖိုး နီးယားပြည်နယ်တွင် ၁၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး အလုပ်လက်မဲ့နှုန်းဖြစ်ခဲ့သည်ဟု သိရသည်။ ပြည်နယ်ပေါင်း ၁၂ ခုနှင့် ကိုလံဘီယာခရိုင်တို့တွင်ပြီးခဲ့သည့် လနှင့် ဇူလိုင်လတွင် အလုပ်လက် မဲ့နှုန်းများ လျော့နည်းကျဆင်းခဲ့ သည်။ အဆိုပါပြည်နယ် ၁၂ ခုမှာ ကိုလိုရာဒို၊ ဖလော်ရီဒါ၊ အိုင်အိုဝါ၊ မစ်ရှီဂန်၊ နီဗားဒါး၊ နယူးဟမ်ရှိုင်း ယား၊ နယူးမစ်က္ကစီကို၊ မြောက်က ရိုလိုင်နာ၊ အိုဟိုင်းအိုး၊ ပန်ဆီလ် ဗေးနီးယား၊ ဗာဂျီးနီးယားနှင့် ဝစ် စကိုပြည်နယ်တို့ဖြစ်ကြသည်။
သို့ရာတွင် ကိုလိုရာဒို၊ ဖလော် ရီဒါ၊ မစ်ဂျီကန်၊ နီဗားဒါးနှင့် မြောက်ကရိုလိုင်းနားပြည်နယ်များ တွင် အလုပ်လက်မဲ့နှုန်းသည် အမျိုး သားပျဉ်းမျှအဆင့်၏ အထက်တွင် ရှိပြီး ဩဂုတ်လတွင် ၈ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။ အဆိုပါပြည်နယ် ၁၂ ခုအနက် မစ်ရှီဂန်ရှိ အလုပ်လက်မဲ့နှုန်းမှာ ပြီး ခဲ့သည့်လတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၉ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
မာန်သစ်နိုး
Venus News Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ကိုယ်ပေါ်မှာ တစ်သက်လုံး စွဲနေအောင် ထိုးထားတဲ့ ဆေးတွေကို ဖျက်ချင်ပါ သလား

ခန္ဓာကိုယ်ပေါ်မှာ လှချင်လို့ပဲ ဖြစ်ဖြစ်၊ သတ္တိရှိတယ်ဆိုတာ ပြချင်လို့ ပဲဖြစ်ဖြစ် တစ်သက်လုံး စွဲသွားစေ မယ့် ဆေးတွေကို ထိုးလေ့ရှိကြပါ တယ်။ အဲဒါတွေကတော့ အမျိုးသား တွေရော၊ အမျိုးသမီးတွေပါ ထိုးလေ့ ရှိတဲ့ တက်တူး လို့ခေါ်တဲ့ ဆေးမင် ကြောင်တွေ၊ မျက်ခုံးမကောင်းတဲ့ အမျိုးသမီးလေးတွေ ထိုးလေ့ရှိတဲ့ မျက်ခုံးထဲ ကို ဆေးထိုးထည့် တာတွေ၊ နှုတ်ခမ်းနီဆိုး စရာ မ လိုဘဲ နှုတ်ခမ်း လေးရဲနေအောင် ထိုးလေ့ရှိတဲ့ နှုတ် ခမ်းထဲ ဆေးထိုးထည့်တာတွေပါ။ လူဆိုတာ အကြိုက်က အမျိုး မျိုး ပြောင်းနေတတ်ကြတာလေ။ ဒီလို တစ်သက်လုံးစွဲသွားစေမယ့်ဆေးတွေ ထိုးထားပြီးမှ မကြိုက်တော့လို့ ဖျက်ချင်ရင် အရင်က ဖျက်လို့မရ ပေမယ့် အခုတော့ လေဆာနဲ့ ဖျက် လို့ရနေပါပြီ။ ဒါကြောင့် ဒီလိုအရာ တွေကို လေဆာနဲ့ဖျက်ပေးတဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်း ကြီးလမ်း၊ တိုက် ၆၂/အေ၊ အခန်း ၄ မှာရှိတဲ့Face Life Skin Beauty (ဖုန်း-၂၅၄၉၅၇၊ ဝ၉၂၀၃၄၇၄၆) ကို သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ဒီနည်းကတော့
◆ ဖျက်လိုတဲ့နေရာကို ထုံဆေး လိမ်းပြီး ၄၅ မိနစ် ထားပေးရပါတယ်။
◆ ပြီးရင်လေဆာနဲ့ရိုက်ပေးရပါတယ်။
◆ လေဆာနဲ့ရိုက်လို့ အသားက နီရဲသွားပါတယ်။ အဲဒါကို ရေခဲနဲ့ မိနစ် ၃၀ လောက် အုပ်လိုက်၊ ခွာလိုက် လုပ်ပေးရပါတယ်။
◆ ပြီးရင်တော့ ဆေးလေးလိမ်းပေး လိုက်ရုံပါပဲ။ ဒီလို ကုထုံးတစ်ခါ ပြုလုပ်ပြီးတိုင်း အဲဒီနေရာကို ရေတစ်ရက်မထိရပါဘူး။ ပြုလုပ်ပြီးနောက် ၃ရက်မှ တစ် ပတ်လောက်အထိ နေ့စဉ် ဆေးလိမ်း ပေးရပါတယ်။ အဲဒီလို လေးပတ်ကို တစ်ခါ နှုန်းနဲ့ ၅ ခါကနေ ၆ ခါအထိ ပြုလုပ် ရင် လုံးဝပျောက်ကင်းသွားတယ်လို့ သိရှိပါတယ်။
ပန်းသွေးခြယ်
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, September 23, 2012

ဆန်နီနိုကို ထုတ်ပယ်၍ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သည့် ပါလာမို

ပါလာမို အသင်းသည် နည်းပြ ဆန်နီနိုအား ထုတ်ပယ်ခဲ့ပြီး နည်းပြသစ် အဖြစ် ဂတ်စ်ပီရီနီအား ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ပါလာမို အသင်းအား ဇွန်လတွင် စတင်ကိုင်တွယ်ခဲ့သည့် ဆန်နီနိုသည် အသင်းအား (၃)ပွဲသာ ကိုင်တွယ်ခဲ့ရပြီး (၂)ပွဲဆက်တိုက် (၃-၀)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယခုလို ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ “ဆန်နီနိုကို ပထမ အသင်းရဲ့ နည်းပြအဖြစ်ကနေ ထုတ်ပယ်လိုက်ပါပြီ။ တစ်ချိန်တည်းမှာပဲ ဂတ်စ်ပီရီနီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး သူဟာ အသင်းကို အင်္ဂါနေ့က စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်”ဟု ပါလာမို အသင်းမှ ကြေငြာခဲ့သည်။ ဂတ်စ်ပီရီနီသည် ဂျူဗင်တပ် လူငယ်အသင်းတွင် အောင်မြင်မှု ရယူနိုင်ခဲ့ပြီးနောက် ဂျီနိုအာ အသင်းအား (၂၀၀၆) မှ (၂၀၁၀)ထိ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းအသင်းတွင် (၅)ပွဲသာ ကိုင်တွယ်နိုင်ခဲ့ပြီး ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 19, 2012

သြစတေးလျတွင် မီးဆင်နှာမောင်း တိုက်

ငရဲ မင်း ကြီး မြေပေါ် ထွက် လာသည် ဟု ဂျပန် တို့  ခေါ် သည့် ဆန်းကြယ် သည့် သဘာဝ ဖြစ် ရပ် တစ်ခု ဖြစ်သော အမြင့် ပေ ၁၀၀ ခန့်  ရှိ မီးဆင်နှာ မောင်း တစ်ခု သည် သြစလေး နိုင်ငံ အလယ် ပိုင်း က အေယာ သဘာဝ ကျောက် တောင် ကြီး တွေ ရှိ တဲ့ နေရာ (Alice Spring) မှာ စက်တင်ဘာ လ ၁၁ ရက်နေ့ က တိုက် ခိုက် ခဲ့ တယ် လို့  ဗီဒီယို မှတ်တမ်း တင်ထား သူ Chris Tangey က ဆစ်ဒနီ မောနင်း ဟာရယ် ကို ပြောပါတယ်။
https://www.facebook.com/photo.php?v=277191562391134
http://www.dailymail.co.uk/news/article-2204468/Pictured-The-frightening-FIRE-tornado-whirled-Australian-outback-40-MINUTES.html#ixzz26oLwihcE


The Voice Journal
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

သွေးတိုးကျစေသည့် စပျစ်သီးခြောက်

အဖွဲ့က နှစ်ပေါင်း ၂၀ ခန့်ကြာ စမ်းသပ် ဖော်ထုတ်ချက် အရ သိရှိ ရသည်မှာ ဖလေဗုန်း (Flavone) ဓာတ်များ ပေါကြွယ်ဝသော အစား အစာ၊ အသီးအနှံ များကို စားသုံးမှီဝဲ ပေးခြင်းအားဖြင့် ပါကင်ဆန်ရောဂါ (Parkinson's Disease) ကို သက် သာစေပြီး ဖြစ်ပွားခံစားရနိုင်ခြေကို လည်း လျော့နည်း သွားစေနိုင် ကြောင်းသိရှိရသည်။
ယင်းဓာတ်များ ပေါကြွယ်ဝစွာ ပါဝင်လျက်ရှိသော စပျစ်သီးအခြောက်ကို နေ့စဉ် ၃ ကြိမ်ခန့်၊ စပျစ်သီးခြောက် ၆၀ လုံးခန့်ကို စားသုံးမှီဝဲပေးလျှင် သွေး တိုးရောဂါအား သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယင်းသုတေသနပြုချက်သည် အမေ ရိကန်နိုင်ငံ နှလုံးရောဂါလေ့လာရေး အဖွဲ့က သွေးတိုးရောဂါဝေဒနာရှင် ပေါင်း ၄၆ဦးကို လက်တွေ့စမ်းသပ် ချက်အရ မှန်ကန်ကြောင်း ထောက်ခံ အသိအမှတ်ပြုခဲ့သည်။
Ref : Sin Chew Daily (Malaysia)
ကေတီအောင်သိန်း(ရန်ကုန်တက္ကသိုလ်)
Health Digest
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အိုဘားမား ပြန်လည် ရွေးကောက်ပွဲ ဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီ သွားမည်ဟု သိရ

ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အမေရိကန် သမ္မတ ဘားရတ် အိုဘားမား ပြန်လည် ရွေးကောက်ပွဲ ဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီ သွားမည်ဟု သိရသည်။ ကမ္ဘာကျော်ဂီတစုံတွဲသည် အမေ ရိကန်၏ သမိုင်းတစ်လျှောက် ပထမဆုံးလူမည်းသမ္မတအဖြစ် မှတ် တမ်းဝင်နိုင်ခဲ့သည့် အိုဘားမား၏ရွေးကောက်ပွဲရံပုံငွေတိုးမြှင့်နိုင်ရန် ကူညီသွားမည်ဖြစ်သည်။
၎င်းတို့သည် ဂျေးဇီးပိုင်ဆိုင်သည့် နယူး ယော့ခ်မြို့ နိုက်ကလပ်တစ်ခုတွင် ရံပုံငွေတစ်ခုကျင်းပပြီး အိုဘားမား အတွက် အလှူငွေထည့်ဝင်ရန် ကောက်ခံသွားမည်ဖြစ်သည်။ လက်မှတ်တစ်စောင်လျှင် ဒေါ်လာလေးသောင်းတန်ပြီး လက် မှတ်နှစ်စောင်ကို သာရောင်းချမည်ဟု ဆိုသည်။
ထိုပွဲမတိုင်မီ ဘီယွန်းစ် က အိုဘားမားကို လိုလားသူများထံ Email ပေးပို့ဖိတ်ကြားထား ခဲ့သည်။ ဂျေးဇီးရော၊ ဘီယွန်းစ်ပါ လက်ရှိအမေရိကန်သမ္မတကို ဒုတိယသက်တမ်းအနိုင်ရရန် မျှော်လင့်နေကြပြီး အနီးကပ်ကူညီပေး သွားရန် ပြင်ဆင်နေသည်။ ၄င်းတို့ရောင်းချမည် ရံပုံငွေရရှိရေး လက် မှတ်များတွင် လေကြောင်းလိုင်းစီးနင်းခွင့်နှင့် ဟိုတယ်များတွင်တည်း ခိုခွင့်စသည်တို့ကို ခံစားခွင့်ပေးထားဖွယ်ရှိနေကြောင်းသိရသည်။
ဘီယွန်းစ်တို့ဇနီးမောင်နှံအနေဖြင့် အိုဘားမားအား အကူအညီ ပေးခြင်းသည် ယခုတစ်ကြိမ်ပထမဆုံးမဟုတ်ခဲ့သလို သမ္မတမိသားစု နှင့်လည်း ရင်းနှီးသောဆက်ဆံရေးမျိုးတည်ထောင်ထားခဲ့သည်။
သမ္မတကတော် မီချယ်လ်အိုဘားမားသည် ဘီယွန်းစ်၏ လူသား ချင်းစာနာမှုဆိုင်ရာလှုပ်ရှားခြင်းများတွင် ပါဝင်ကူညီပေးခဲ့သလို ဂျေဇီး ၏ ဖီလာဒဲလ်ဖီးယားတွင် ယခုလအစောပိုင်းကရိုက်ကူးသော ဗီဒီယို အတွင်း သမ္မတအိုဘားမားပါဝင်ခဲ့ကြောင်းသိရသည်။
ကြယ်စင်(လားရှိုး)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, September 8, 2012

ကွမ်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကွမ်းရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်းနဲ့ ဗီတာမင်စီတို့ ဖြစ်ကြပါတယ်။ လတ်တလော လေ့လာ မှုတွေအရ ကွမ်းရွက်မှာ တန်နင်၊ သကြား၊ မရှိမဖြစ်ဆီ စတာတွေ ပါဝင်နေကြကြောင်း သိရပါတယ်။ ကွမ်းရွက်မှာပါတဲ့ ချာဗီကောဆိုတဲ့ ဖီနော ဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။ ကွမ်းရွက်မှာ အောက်ပါ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

 အကိုက်အခဲပျောက်စေပါတယ်

ကွမ်းရွက်မှာ အကိုက်အခဲပျောက်တဲ့ အာနိသင်နဲ့ အေးမြစေတဲ့ အာနိသင်တို့ ရှိကြပါတယ်။ ဒါကြောင့် ပြင်းပြင်း ထန်ထန် ခေါင်းကိုက်နေ သူတွေမှာ ခေါင်းကိုက် တဲ့ နေရာပေါ် ကွမ်းရွက်အုပ်ပေးပါက ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေပါတယ်။

 မွေးကျွတ်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အနာစိမ်းနဲ့ မွေးကျွတ်နာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ သန့်စင်အောင် ဆေးကြောထားတဲ့ ကွမ်းရွက်တစ်ရွက်ကို နူးညံ့ပျော့ပျောင်းတဲ့အထိပြုတ်ပြီး ကြက်ဆူဆီ သုတ်လိမ်းပေးပါ။ ကြက်ဆူဆီ သုတ်လိမ်းထားတဲ့ ကွမ်းရွက်ကို ရောင်ရမ်းနေတဲ့ မွေးကျွတ်နာ ဒါမှမဟုတ် အနာစိမ်းပေါ် ကပ်ပေးပါ။ ပြီးရင် အဲဒီကွမ်းရွက်ကို နာရီ အနည်းငယ်ကြာတာနဲ့ ဖယ်ရှားပြီး အသစ်ကပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုကပ်ရင်း အနာစိမ်း ဒါမှမဟုတ် မွေးကျွတ်နာက ပေါက်သွားပါလိမ့်မယ်။

 ဆီးသွားစေတဲ့ အစွမ်းရှိပါတယ်

ကွမ်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ဆီးသွားစေတဲ့ အာနိသင်ရှိပါတယ်။ 

အဆုတ် ထိခိုက်မှု ဝေဒနာကို သက်သာစေပါတယ်

ကွမ်းရွက်တွေကို ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာဖြစ်တဲ့ အဆုတ် ထိခိုက်မှု ဝေဒနာတွေ ကုသရာမှာ အသုံးပြုနိုင်ပါတယ်။ မုန်ညင်းဆီထဲ စိမ်ထားတဲ့ ကွမ်းရွက်ကို ပူနွေးအောင်ကင်ပြီး အေးသွားချိန်မှာ ရင်ဘတ်ပေါ် ကပ်ပေးရင် ချောင်းဆိုးတာနဲ့ အသက်ရှူမဝတဲ့ ဝေဒနာတို့ကို သက်သာစေပါတယ်။

 အဆစ်ရောင်နာကို သက်သာစေပါတယ်

ကွမ်းရွက်ကို အဆစ်ရောင်နာတဲ့ နေရာပေါ်မှာ ကပ်ပေးရင် သက်သာစေပါတယ်။

 အနာကျက်စေပါတယ်

ကွမ်းရွက်ပြုတ်ရည် အနည်းငယ်ကို ထိခိုက်ဒဏ်ရာပေါ်မှာ သုတ်လိမ်းပေးပြီး ပတ်တီးစည်းထားပေးပါက နှစ်ရက်ခန့်အတွင်း အနာကျက်မြန်စေပါတယ်။

 သတိပေးချက် 

ကွမ်းယာကို မကြာခဏ ဝါးစားတာကြောင့် ခံတွင်းမှာ ကင်ဆာဖြစ်နိုင်ခြေရှိပါတယ်။ အကြောင်းကတော့ ကွမ်းယာထဲမှာ ထည့်သုံးတဲ့ဆေးနဲ့ တခြားပါဝင် ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကွမ်းစားတတ်သူတွေ အနေနဲ့ ကွမ်းယာကိုတော့ တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။

ကြယ်စင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

နှစ်ခြောက်ဆယ်ကျော်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်

PDF ဖိုင်ရယူရန်


ရန်ကုန် (မဇ္ဈိမ) ။        ။ သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။

သြဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍ ယနေ့အထိ ရေတွက်လျှင် အာဏာသိမ်း စစ်အစိုးရများ အပါအဝင် အစိုးရ ခုနှစ်ခုမြောက်ဖြစ်နေချိန်တွင် ဗဟိုအစိုးရတွင် အမျိုးသမီးဝန်ကြီး ရရှိသည်မှာ ယခုတစ်ကြိမ်သာ ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ သမိုင်းမှာ၊ ကျွန်တော်ကြုံခဲ့သလောက် အမြင့်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ဒေါ်ခင်ကြည် ဖြစ်ဖူးတာပဲရှိတယ်၊ ဒိအပြင်တော့ အမျိုးသမီးတွေကို ဝန်ကြီးရာထူးမျိုးပေးတာတော့ မရှိဘူး" ဟု အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အကြီးတန်းခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင် ကပြောသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု၏ လုပ်ငန်းစဉ်အောက် ပြန်လည်ထူထောင်ရေး လုပ်ရန် အစိုးရအဖွဲ့တွင် ဘတ်ဂျက်အခက်အခဲရှိနေသည်ဟု ထုတ်ဖော်ပြောထားသည့် သမ္မတဦးသိန်းစိန်၏ ဝန်ကြီး ဌာနနှင့် ဝန်ကြီးအပြောင်းအလဲမှာ ဝန်ကြီးအရေအတွက် ပိုလာသည်။ လွန်ခဲ့သည့်တစ်နှစ်ခွဲက အရပ်သားဟန်
ပြောင်းပြီး အစိုးရသစ်ဖွဲ့စဉ်က ဝန်ကြီးဌာန ၃၄ ခုနှင့် ဝန်ကြီး ၃ဝ ဦးရှိခဲ့ရာက ယခုတွင် ဝန်ကြီးဌာန ၃၁ ခုနှင့် ဝန်ကြီး ၃၆ ဦး ဖြစ်လာခဲ့သည်။

ရှမ်းသံတော်ဆင့်သတင်းက ထုတ်ပြန်ထားသော ကရင်အမျိုးသား အစည်းအရုံးနှင့် သမ္မတဦးသိန်းစိန်တို့၏ ဆွေးနွေးပွဲ တွင် သမ္မတက "တိုင်းရင်းသားတွေ ပြန်ရောက်လာရင် စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ နေဖို့အတွက် ဘယ်လို လုပ်ကြမလဲ။ ရေတိုစားဖို့အတွက် ရေရှည်စားဖို့အတွက် ဘယ်လိုလုပ်ကြမလဲ။ Donor Country တွေလည်း ကျနော် တို့ ခေါ်ရပါမယ်။ ကျနော်တို့ချည်းပဲ မတတ်နိုင်ဘူး။ ဒါကို ကျနော်ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ Budget လည်း ကုန်လုနီးပါး ဖြစ်နေပြီ။ မတတ်နိုင်တော့ Donor Country တွေကို ကျနော်တို့က ရှာရမယ်။ ရှာတော့ နိုင်ငံ လေးငါးခြောက် နိုင်ငံလောက်ကတော့ ကျနော်တို့ကို ကူညီဖို့ အသင့်ရှိနေပြီ။" ဟု ပြောသွားသည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှု၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဟိုတယ် ခရီးနှင့် အားကစား၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းတို့ကို ဝန်ကြီး တစ်ဦးထဲက ဌာနနှစ်ခုတွဲ ကိုင်ရာက ဌာနတစ်ခု ဝန်ကြီးတစ်ဦးသို့ နေရာပေးလိုက်သည်။

သို့သော် အလုပ်မဖြစ်သော စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်ပြီး ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးအတွက်
နှစ်ပိုင်းခွဲထားသော လျှပ်စစ်ဝန်ကြီးဌာနကို တစ်ခုတည်းအဖြစ် ပြန်လည်ပြောင်းလိုက်သည်။ သမ္မတရုံးဝန်ကြီး
နောက်ထပ် လေးဦး ထပ်ဖြည့်လိုက်သည်။

အသစ်ပြောင်းလဲခန့်အပ်လိုက်သော ဒုတိယဝန်ကြီး ၁၅ နေရာတွင် အမျိုးသမီးဝန်ကြီး လေးဦးပါလာသည်။

ဒေါက်တာ ဒေါ်ခင်စန်းရီ (စီမံ/စီးပွား ဝန်ကြီးဌာန)၊ ဒေါ်စုစုလှိုင်(လူမှု/ဝန်ထမ်းဝန်ကြီးဌာန)၊ ဒေါက်တာ
ဒေါ်သက်သက်ဇင် (ပတ်ဝန်းကျင်/သစ်တော) ဒေါက်တာဒေါ်သိန်းသိန်းဌေး (ကျန်းမာရေးဝန်ကြီးဌာန) တို့ဖြစ်ကြသည်။

အမျိုးသမီးများကို နိုင်ငံ့ဦးဆောင်မှုတွင် နေရာပေးမှု နည်းနေသေးသည်ဟု ဝေဖန်ကြသည်။

"အမှန်က အမျိုးသမီးတွေကို ဝန်ကြီးအဆင့်အနေနဲ့ ဒိထက်ပိုပြီး မျှော်လင့်ခဲ့ပါတယ်၊ ဒါပေမယ့် ဖြစ်လာတော့ တစ်ယောက်တည်း၊ ပြီးတော့ ကြံ့ခိုင်ရေးက၊ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် အစိုးရအဖွဲ့မှာ အမျိုးသမီး အရေအတွက်က သုံးပုံတစ်ပုံ ရှိနေရမှာ၊ ခု ဒီအရေအတွက်က အရမ်းနည်းနေပါသေးတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် ဒေါက်တာဒေါ်ညိုညိုသင်းက မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်ထုတ်  ပါလီမန်ဆိုင်ရာသမဂ္ဂ၏ အစီရင်ခံစာတစ်ခုအရ မြန်မာနိုင်ငံ၏ အမျိုးသမီးများ ပါဝင်
ဆောင်ရွက်နိုင်မှုမှာ နိုင်ငံပေါင်း ၁၄၃ နိုင်ငံအနက် ၁၃၄ နိုင်ငံစာရင်းတွင်သာရှိသည်ဟုဆိုသည်။

ခုနှစ်ဦးပါ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများတွင်လည်း အမျိုးသမီးတဦးမှ ပါဝင်ခြင်းမရှိပါ။

အောက်လွှတ်တော် အမတ် ၄၄၀ ဦးအနက် အမျိုးသမီးအမတ် ၂၅ ဦး ပါဝင်၍ ၅.၇ ရာခိုင်နှုန်းသာရှိသလို အထက် လွှတ်တော်အမတ် ၂၂၄ ဦးအနက် အမျိုးသမီးအမတ် ၄ ဦးသာပါဝင်၍ ၁.၈ ရာခိုင်နှုန်းသာရှိသည်။ ပြည်ထောင်စု လွှတ်တော်တရပ်လုံး အနေဖြင့် အမျိုးသမီးပါဝင်မှု ၃.၇၅ ရာခိုင်နှုန်းသာဖြစ်သည်။

"အမျိုးသမီးတစ်ယောက် ဖြစ်လာတော့ အခွင့်အရေးတွေကလည်း အမြင့်ဆုံးလို့ ပြောလို့ရတာပေါ့၊ ဒါပေမယ့် အမျိုးသားဝန်ကြီးတွေကြားထဲမှာ အမျိုးသမီး တစ်ဦးတည်းဖြစ်တာဆိုတော့ အားနည်းတာပေါ့၊ အမှန်တကယ်က လေး၊ ငါးယောက်လောက်မှ ပိုကောင်းမယ်" ဟု အောက်လွှတ်တော်အမတ် ဒေါ်နန်းဝါနု က ပြောသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, September 7, 2012

မလေးရှားကို မြန်မာအမျိုးသမီး အလုပ်သမများ တရားဝင်ပို့ဆောင်

 

အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်လိုသော မြန်မာအမျိုးသမီး လုပ်သားများ တရားဝင် ပို့ဆာင်ပေးနေမှုကို သြဂုတ်လ နောက်ဆုံးပတ်မှ စတင်နေခဲ့ရာ မြန်မာအမျိုးသမီး လုပ်သားများကို
ပြည်ပနိုင်ငံများတွင် တရားဝင် သွားရောက်လုပ်ကိုင်ခွင့် စတင်ခွင့်ပြုမှု ဖြစ်လာသည်။

မလေးရှားငွေ ရင်းဂစ် ၉၀၀ သို့မဟုတ် တလစာလုပ်အားခကို ဝန်ဆောင်ခအဖြစ် ပေးဆောင်ရမည့် အလုပ်များ အတွက် လုပ်သားဦးရေ နှစ်ရာခန့် သွားရောက် လုပ်ကိုင်နေပြီး ဖြစ်သည်ဟု ယုံကြည်ရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်  အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများမှ အေဂျင်စီ သုံးခု စေလွှတ်ခွင့် ရခဲ့သည်ဟု အေဂျင်စီ အသိုင်းအဝန်းမှ သိရသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတစ်ဦးက " စက်ရုံက အီလက်ထရောနစ် ပစ္စည်းတွေ လုပ်တဲ့ စက်ရုံပါ။
နေစရာ နေရာကလည်း အမျိုးသမီးတွေ အတွက် လုံခြုံမှု ရှိပါတယ်။ စက်ရုံက လူ ၇၀၀၀ လောက် လိုပါသေးတယ် " ဟု ပြောသည်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခု၏ အပြောအရ သွားရောက် လုပ်ကိုင်လိုသူအတွက် ကုမ္ပဏီမှ
လေယာဉ်လက်မှတ်၊ နိုင်ငံကူးလက်မှတ်တို့အတွက် ကုန်ကျစရိတ်ကို ပြန်လည် ထုတ်ပေးမှာ ဖြစ်သည်ဟု ဆိုသည်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်း အခြေခံပညာ အဆင့် ရှစ်တန်း အောင်မြင်ပြီးသူများ သွားရောက် လုပ်ကိုင်နိုင်သည်ဟု ဆိုသည်။

သို့သော် ဦးစွာ သွားရောက်လုပ်ကိုင်လိုသူက ငွေစိုက်ထုတ်ထားရမှာဖြစ်ပြီး မလေးရှားနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရပြီးချိန် တွင် ကုမ္ပဏီက ကုန်ကျငွေကို ပြန်အမ်းမှာ ဖြစ်သည်။ ကုမ္ပဏီသို့ ဝန်ဆောင်ခအဖြစ် လုပ်ခလစာမှ တလလျှင် ရင်းဂစ်ငွေ ၁၅၀ ဖြင့် ခြောက်လ ဖြတ်တောက်သွားမှာ ဖြစ်သည်။

တလလျှင် ရက် ၂၀ ပုံမှန် အလုပ်ရက် သတ်မှတ်ထားပြီး လစာမှာ ရင်းဂစ် ၉၀၀ ဖြစ်သည်။ ကြာသပတေးနေ့
ပေါက်ဈေးမှာ တစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၂၇၉.၄ ကျပ် ဖြစ်သည်။ စနေနှင့် တနင်္ဂနွေ နေ့များကို အချိန်ပို အဖြစ် သတ်မှတ်ပေးပြီး အချိန်ပိုကြေးပေးမည် ဟုဆိုသည်။

လေယာဉ်လက်မှတ်ရပြီးချိန်တွင် သွားရောက် လုပ်ကိုင်လိုခြင်း မရှိတော့လျှင် လျော်ကြေးပေးဆောင်ရန် သတ်မှတ် ထားသည်။

သွားရောက် လုပ်ကိုင်မည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီး တစ်ဦးက " အချိန်ပို မရှိရင်တော့ မကိုက်ဘူး။ ဖြတ်မှာနဲ့ ဆိုရင် တစ်လကို (ကျပ်) တစ်သိန်းကျော်ပဲ ကျန်မယ်။ အချိန်ပို ရှိပါစေ ဆုတောင်း ရမှာပဲ။" ဟု ဆိုသည်။

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ချန်ပီယံဖြစ်လျှင် ကမ္ဘောဇဘောလုံးအသင်း ဆုကြေးကျပ်သိန်း ခြောက်ထောင်ရမည်


ရန်ကုန် (မဇ္ဈိမ) ။        ။ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားတွင် ဒုတိယနေရာ၌ ရပ်တည်နေသော ကမ္ဘောဇ အသင်းအနေဖြင့် ချန်ပီယံဆုရရှိခဲ့ပါက  ဆုကြေးငွေသိန်း  ၆၀၀၀ ကျပ် ပေးသွားမှာဖြစ်ကြောင်း ကမ္ဘောဇအသင်း၏ ဥက္ကဋ္ဌ ဦးမိုးဆန်းအောင်က ပြောသည်။

"အသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အသင်းပိုင်ရှင်က ချီးမြှင့်တဲ့ ဆုကြေးငွေ သိန်း ၆၀၀၀ ကျပ်ကိုရမှာပါ။
နောက်ဆုံးပွဲမှာ ရန်ကုန်ကလည်း အနိုင်အရှုံး မသေချာသေးတာကြောင့် ကျွန်တော်တို့ အသင်းအနေနဲ့ ဗိုလ်စွဲဖို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်" ဟု ဦးမိုးဆန်းအောင်က ပြောသည်။

ကမ္ဘောဇအသင်းအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယား ပထမနေရာတွင် ရပ်တည်နေ
သော ရန်ကုန်ယူနိုက်တက်နှင့် တစ်မှတ်သာကွာဟပြီး ရမှတ် ၅၆ မှတ်ဖြင့် ဒုတိယ လိုက်နေသည်။

ရန်ကုန်ယူနိုက်တက်သည် နောက်ဆုံးပွဲစဉ်ကို ကစားပုံ မာကျောသည့် ဧရာဝတီအသင်းနှင့် ကစားရမည် ဖြစ်သော
ကြောင့်ပွဲကျပ်နေပြီး ကမ္ဘောဇအသင်းမှာမူ အဆင့် ၁၂ နေရာမှ ဇွဲကပင်အသင်းနှင့် ကစားရမည် ဖြစ်သည်။  

အကယ်၍သာ ဆုချီးမြှင့်ဖြစ်လျှင် မြန်မာ့ကလပ်အသင်း ဘောလုံးသမိုင်းအတွက် စံချိန်တင် ဆုကြေးငွေဖြစ်လာလိမ့် မည်။ ၂၀၁၁က အမှတ်ပေး ချန်ပီယံဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက် ရရှိခဲ့သော ဆုကြေးထက် နှစ်ဆကျော်ခန့် များပြားနေသည်။

ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် ယမန်နှစ်က ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် အသင်းပိုင်ရှင်မှ ဆုကြေး အဖြစ် အမေရိကန်ဒေါ်လာ ၃သိန်း(မြန်မာငွေ သိန်း ၂၅၀၀ ခန့်) ချီးမြှင့်ခဲ့သည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲအတွက် မြန်မာဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သော ဆုကြေးငွေပမာဏမှာလည်း ယခင်နှစ်များကထက် မြင့်တက်ခဲ့ပြီး ချန်ပီယံဆုအတွက် သိန်းတစ်ထောင် ကျပ်၊ ဒုတိယဆုအတွက် ကျပ်သိန်း ၇၅၀၊ တတိယဆုအတွက် ကျပ်သိန်း ၅၀၀၊  စတုတ္ထနှင့် ပဉ္စမဆုများအတွက် သိန်း ၃၀၀ စီ ချီးမြှင့်သွားရန် ရှိနေပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့်အတွက် ပြိုင်ပွဲဝင် ချီးမြှင့်ထောက်ပံ့ငွေအဖြစ် အသင်းတစ်သင်းစီအား  ကျပ်သိန်း ၂၀၀ စီ ချီးမြှင့်မည် ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုများသာ ချီးမြှင့်ခဲ့
ပြီး ပထမဆုအဖြစ် ကျပ်သိန်း ၅၀၀၊ ဒုတိယဆုအဖြစ်ကျပ် သိန်း ၃၀၀ ကျပ်နှင့် တတိယဆု ကျပ်သိန်း ၂၀၀ ကျပ် တို့သာ ချီးမြှင့်ခဲ့သည်။


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, September 4, 2012

အမေရိကန်သမ္မတမှ ပြည်ဝင်ခွင့်ဗီဇာများ ကို ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရှိရ

မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲရေး တွေကို အရှိန်အဟုန် မြင့်စွာ တိုးတက် လာတဲ့ အတွက် အမေရိကန် သမ္မတ ဘားရက်အိုဘာမား က အမေရိကန်နိုင်ငံ အတွင်းသို့ လွတ်လွတ် လပ်လပ်သွားလာခွင့် ဗီဇာကို ဖြေလျှော့ ပေးလိုက်ပြီဖြစ်ပါတယ်။
အေပီသတင်း မှာ အမေရိကန် သမ္မတ အိမ်ဖြူတော် လုံခြုံရေး ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တွမ်မ်မီဗိုင်တာ (Tommy Vretor) က မြန်မာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး တွေကိုဆက်ပြီး လုပ်ဆောင်နေတာနဲ့ အမျှ သူနဲ့သူ့ရဲ့အစိုးရတို့ကို ပိုပြီးအနီး ကပ်ထိတွေ့ဆက်ဆံသွားဖို့ မိမိတို့ရဲ့ စိတ်ဝင်စားမှုကိုအချက်ပြတဲ့အနေနဲ့ အမေရိကန်သမ္မတအိုဘားမားက အခု လိုဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါ တယ်။
စက်တင်ဘာလမှာ ကုလသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက် မယ့် မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ အမေရိကန် တာဝန်ရှိသူ တွေနဲ့တွေ့ဆုံနိုင်မှာဖြစ်ပြီး သမ္မတကြီး ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဒီမို ကရေစီနဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပိုပြီးနားလည်နိုင်မှာ ဖြစ်ပါတယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာပြောခွင့်ရ ဗိုင်တာက ပြောဆိုခဲ့ခြင်းလည်း ဖြစ်ပါ တယ်။
First Music News


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အိုဝင်အား အသင်းသို့ ပြန်လည် ခေါ်ယူရန် စီစဉ်နေသည့် ရော်ဂျာ

လီဗာပူးလ် အသင်း၏ နည်းပြ ရော်ဂျာသည် အသင်း၏ ဂိုးပေါက် ပျောက်ဆုံးနေမှုကို ကာကွယ်ရန် အတွက် မန်ယူ တိုက်စစ်မှူးဟောင်း အိုဝင်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်မှူး ကာရိုးအား အသင်းမှ ထွက်ခွာခွင့် ပြုရန်ဘယ်တုန်းကမှ စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်းနှင့် အကယ်၍ ထွက်ခွာခွင့် ပြုခဲ့ပါက ပြန်လည် အစားထိုးနိုင်မည့် အခြေအနေတွင် မရှိကြောင်းကို သိနေခဲ့သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။ ရော်ဂျာသည် အသင်း၏ တိုက်စစ်အတွက် လူရွေးချယ်ခွင့် လွန်စွာနည်းပါးနေခြင်းကြောင့် အသင်း၏ တိုက်စစ်မှူးဟောင်း ဖြစ်သူ အိုဝင်အား ခေါ်ယူရန် စဉ်းစားနေခြင်းလည်း ဖြစ်သည်။ အိုဝင်သည် လီဗာပူးလ် အသင်းတွင် ကစားခဲ့စဉ်က (၁၅၈)ဂိုးထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး အသင်း ပရိသတ်များ၏ အချစ်တော် ကစားသမား ဖြစ်ခဲ့သည်။
Soccer

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ရီးရဲလ်တွင် မပျော်မရွှင် ဖြစ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့သည့် စီရော်နယ်လ်ဒို

ရီးရဲလ် ကစားသမား စီရော်နယ်လ်ဒိုသည် အသင်းတွင် မပျော်မရွှင် ဖြစ်နေကြောင်း အံ့အားသင့်ဖွယ်ရာ ဖွင့်ဟ ပြောဆိုခဲ့ပြီး ဂရန်နာဒါနှင့် ပွဲစဉ်တွင် ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့ခြင်းမှာ ယင်းအတွက်ကြောင့် ဖြစ်ကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် နှစ်ဂိုးသွင်းခဲ့ပြီး အသင်းအတွက် ယခုနှစ် ရာသီ၏ ပထမဆုံး နိုင်ပွဲရရှိရန် စွမ်းဆောင်ပေးခဲ့ခြင်း ဖြစ်သော်လည်း ပျော်ရွှင်မှု ပျောက်ဆုံးနေခဲ့သည်။ စီရော်နယ်လ်ဒိုမှ “ကျွန်တော် ၀မ်းနည်းမိပါတယ် ဘာလို့လည်း ဆိုတော့ အသက်မွေး ၀မ်းကြောင်းဆိုင်ရာ ကိစ္စကြောင့်ပါ အသင်းက ဒါကို သိပါတယ်၊ ဒါကြောင့်လည်း ကျွန်တော် အောင်ပွဲမခံခဲ့တာပါ ကျွန်တော် မပျော်မရွှင် ဖြစ်နေလို့ပါ၊ ကလပ်မှာ ရှိနေတဲ့ လူတိုင်းက ဒါကို သိပါတယ် ကျွန်တော် ဒီ့ထက်ပိုပြီး မပြောချင်တော့ပါဘူး”ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

HTC One Series ရဲ့ ဒုတိယ အကောင်းဆုံး Smart Phone

HTC One S ဟာ HTC One Series (One X, One S, One V) ထဲက အလယ်အလတ် တန်းစား Model တစ်ခုပဲဖြစ်ပါတယ်။ HTC က ထုတ်လုပ် လိုက်တဲ့ HTC One S ဟာဆိုရင် Andriod 4.0 OS ဖြစ်တဲ့ Ice Cream Sandwich (ICS) ကို အသုံးပြုထားပါတယ်။ GSM ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G Network အပြင် WCDMA (3G) ကိုပါ ထောက် ပံ့ပေးနိုင် ပါတယ်။ One Series ရဲ့ အကောင်းဆုံး Model ဖြစ်တဲ့ ONE X ကို မမီပေ မယ့် One S ဟာ HTC ရဲ့ ဒုတိယအကောင်းဆုံး Smart Phone တစ်ခုလို့ ဆိုရလောက်အောင်ကို ကောင်း မွန်လှပါတယ်။ One S ဟာ HTC ရဲ့ ဒုတိယ အကောင်းဆုံး Smart Phone ဆိုတာကို အသုံးပြုထားတဲ့ နည်းပညာမြင့်တွေ၊ ဖုန်းမှာပါဝင်တဲ့ ကောင်းမွန်လှတဲ့ Functions တွေကို ဖတ်ကြည့် ရင် သိပါလိမ့်မယ်။
Design
HTC ရဲ့ အရင်ထွက်ရှိခဲ့တဲ့ Handsets တွေ လို HTC One S ဟာ တကယ့်ကို ပါးလွှာပြီး ခိုင် ခံ့တဲ့ ဒီဇိုင်းကို ပိုင်ဆိုင်ထားပါတယ်။ အပါးလွှာ ဆုံး ဖြစ်တဲ့ HTC One S မှာဆိုရင် လွတ်ကျတဲ့အခါ မှာ ခံနိုင်ရည် ရှိစေဖို့ Aluminium ကို ၅ ကြိမ် လောက် လောင်ကျွမ်းအပူပေးပြီး ခိုင်ခံ့တဲ့ Body တစ်ခုဖြစ်အောင် တည်ဆောက်ထားပါတယ်။ ယခု လို ခိုင်ခံ့ပြီး ကျစ်လျစ်တောက်ပြောင်သော Aluminium (အလူမီနီယံ) Body ကို အသုံးပြု ထားတာကြောင့် ပေါ့ပါးခိုင်ခံ့တဲ့ ဖုန်းတစ်လုံးဖြစ် စေမှာပါ။ ဒီ့ပြင် Aluminium Body ရဲ့ အစွန်း လေးတွေကို ပြေပြစ်လွန်းလှတဲ့ အဝန်းဝိုက်လေး တွေနဲ့ ပုံဖော်ပေးထားတာကြောင့် သပ်ရပ်လှပ လွန်းတဲ့ ဖုန်းတစ်လုံး ဆိုတာတော့သေချာတယ်။
 Touch and Screen
HTC One S ရဲ့ LCD Screen အရွယ်အ စားကတော့ 4.3" ပါရှိတဲ့အတွက် လူကြီးလူငယ် မရွေး အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ ဒီပြင် Super ALMOED နည်းပညာကို အသုံးပြုထား လို့ Touch Performance ကိုလည်း အကြိုက် တွေ့စေမှာပါ။ အရောင်အသွေးနဲ့ ရုပ်ထွက်အရည် အသွေးဟာ လည်း Super ALMOED နည်းပညာ သုံးထားတဲ့ အတွက် အလွန် ကြည်လင်ပြတ်သားတဲ့ အရည်အသွေးကို ရရှိစေမှာပါ။ Resolution က တော့ 960x540 ရရှိပြီး Pixel Density အနေနဲ့ ကတော့ 256 ppi ရရှိနိုင် တဲ့အတွက် ဖုန်းနဲ့ Movie ကြည့်တဲ့အခါမှာ ကောင်းမွန်လှတဲ့ ရုပ်ထွက် အရည် အသွေးကို ရရှိစေမှာပါ။
 Audio
အသံပိုင်းမှာတော့ Beats by Dr.Dre ရဲ့ Beats Audio System နဲ့ အားဖြည့်ထားပါတယ်။ Beats Audio ပါဝင်တဲ့အတွက်ကြောင့် HTC One S ရဲ့ အသံပိုင်းဆိုင်ရာ အရည်အသွေးဟာ ဘယ်ဖုန်းနဲ့မှ မတူအောင် ကောင်းတယ် ဆိုတာတော့ အသေအချာပါပဲ။ Beats Audio System ပါဝင် တဲ့အတွက် Dr.Dre Beats နားကြပ်မသုံးဘဲ ဖုန်း ရဲ့ Built-in Speaker အသုံးပြုမယ် ဆိုရင်တောင် Dr.Dre ရဲ့ Beats Audio Performance ကို အပြည့်အဝ ရရှိမှာပါ။ ဒီ့ပြင် Beats by Dr.Dre က ထုတ်လုပ်ထားတဲ့ ur Beats Earphone, Beats Solo Headphone တို့နဲ့ နားထောင်တဲ့ အခါမှာလည်း တကယ့် Stereo နဲ့ HD Quality ကို ရရှိစေမှာပါ။
 Camera
ခုခေတ်မှာ ဖုန်းသုံးတဲ့ လူတော်တော်များများ ကတော့ ဖုန်းဝယ်ပြီ ဆိုရင် ဖုန်းရဲ့ အခြား Entertainment Function တွေကိုပါ အလေး ထားပြီး ဝယ်လာကြတယ် ဆိုတာကို HTC က လျစ် လျူရှုမထားပါဘူး။ ဒါကြောင့် HTC One S မှာ Camera Performance ကိုလည်း အထူးတလည် မြှင့် တင်ထားပေးပါတယ်။ Flash Light ပါဝင်ပြီး 8 Mega Pixelsဆိုတဲ့ Camera အရည်အသွေး ကတော့ ဓာတ်ပုံ ရိုက်ချင်သူတွေ အတွက် အကြိုက် တွေ့စေမှာပါ။ 1.3 Mega Pixels ရှိတဲ့ Front Camera လည်း ပါဝင်ပါတယ်။ ဒီ့ပြင် Video Recording အတွက်လည်း ကြည်လင်ပြတ် သား စေတဲ့ 1080 p ရှိတဲ့ HD Resolution ကိုလည်း ထောက်ပံ့ပေး မှာဖြစ်ပါတယ်။ အခြားဖုန်းများနဲ့မတူ တဲ့ Camera အရည်အသွေး တစ်ခု ကတော့ ပုံတွေ ရိုက်တဲ့အခါမှာ Camera Button ကို ဖိထားရုံနဲ့ ပုံပေါင်း ၉၉ ပုံအထိ ဆက်တိုက်ရိုက်ယူနိုင်တဲ့ နည်း ပညာပါဝင်တယ်လို့ HTC က ဆိုထား ပါတယ်။ HTC One S ရဲ့ Camera နည်းပညာကတော့ Smart Phone တွေထဲမှာ ပြိုင်စံရှားပါပဲ။
 Wireless Network
HTC One S မှာ Wireless Network အနေနဲ့ Wi-Fi 802.11 b/g/n အမျိုးအစားပါဝင် ပြီး HSDPA, HSUPA နည်းပညာများကြောင့် Network အတွင်း Data အသုံးပြုမှုနှုန်းကို မြန် ဆန်စေမှာပါ။ ဒီပြင် Bluetooth ကိုလည်း Version 4 အသုံးပြုထားတဲ့အတွက် ဘယ်လို Bluetooth အမျိုးအစားနဲ့မဆို အလွယ်တကူချိတ် ဆက်အသုံးပြုနိုင်မှာပါ။
Processor and Memory
HTC One S မှာ ကောင်းမွန်မြန်ဆန်လှတဲ့ Qualcomm Snapdragon S4 Processor 1.7 GHz Dual-Core ကို အသုံးပြုထားတဲ့ အတွက် Applications သုံးရင်ပဲဖြစ်ဖြစ် Games ဆော့ရင်ပဲဖြစ်ဖြစ် စိတ်ရှိလက်ရှိ အားပါးတရ အသုံး ပြုနိုင်မှာကိုတော့ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီလို မြန်ဆန်လှတဲ့ Dual Core Processor ကို 1 GB LPDDR2 RAM နဲ့ အားဖြည့်ထားတဲ့အတွက် တစ်ချိန်ထဲမှာ Application နဲ့ ဂိမ်းများကို တစ် ပြိုင်နက် အသုံးပြုနိုင်မှာပါ။ Micro SD Slot မပါ ဝင်ပေမယ့် Built-In Storage Memory နဲ့ 16 GB ပါဝင်တဲ့အတွက် အသုံးပြုချင်တဲ့ Application နဲ့ Game တွေအပြင် သီချင်းတွေ ဓာတ်ပုံတွေကို လည်း စိတ်ကြိုက်ထည့်သွင်းထားလို့ ရပြီပေါ့။ ဒီ့ပြင် Web Base System ဖြစ်တဲ့ Dropbox ကို လည်း 25 GB အထိသုံးလို့ ရဦးမယ်ဆိုတော့ Data တွေ သိမ်းဆည်းဖို့ကို စိတ်ပူစရာမရှိတော့ တာ အမှန်ပါပဲ။
 Battery
HTC One S ရဲ့ ဘက်ထရီကိုတော့ 1650 mAh အားရှိတဲ့ Li Po Battery အမျိုးအစားကို အသုံးပြုထားပါတယ်။ 3G Network အတွင်းမှာ Talk Time အနေနဲ့ 9.45 hrs အသုံးပြုနိုင်ပြီး၊ Standby အနေနဲ့ကတော့ နာရီပေါင်း 430 hrs လောက်ခံမှာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံကြည့်လိုက်မယ်ဆိုရင်တော့ HTC One S ဟာ စတိုင်ကျလွန်းတဲ့ ဒီဇိုင်းနဲ့ Body၊ ရုပ်ထွက်ပိုင်းမှာ Super AMOLED နည်း ပညာကြောင့် အားကောင်းလှတဲ့ Screen Resolution တွေ၊ အရည်အသွေးမြင့်မားလှတဲ့ Beats Audio System ကြည်လင်ပြတ်သားမှု အပြည့်ရှိတဲ့ Camera နဲ့ ကြာရှည်အသုံးခံတဲ့ Battery Life Time တွေဟာ HTC One S ကို ဒုတိယအကောင်းဆုံး Smart Phone ဖြစ်စေခဲ့ပါ တယ်။ HTC ရဲ့ One S ကို ဝယ်ယူချင်တယ် ဆိုရင် တော့ Dagon Center, Junction Square နဲ့ Yankin Center တို့မှာ ဖွင့်လှစ်ထားတဲ့ Hello ! by MK မှာ 1 Year "Full Warranty" နဲ့ အ ရည်အသွေးမှန် Products များကို ဝယ်ယူ ရရှိနိုင် ပါတယ်။ အခြားအသေးစိတ်များ သိရှိလိုလျှင် ဖုန်းနံပါတ် 09 421034030 ကို ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါတယ်။


Popular News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, September 2, 2012

နော်ဝေ အကြမ်းဖက် တိုက်ခိုက် သူအား အမြင့်ဆုံး ထောင်ဒဏ် ၂၁ နှစ် ချမှတ်

နော်ဝေနိုင်ငံတွင် လူပေါင်း ၇၇ ဦးအား သတ်ဖြတ်၍ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန် ခဲ့သော အန်ဒါးစ် ဘရီဗစ်သည် ရူးသွပ်နေသူ မဟုတ်ကြောင်း နော်ဝေ တရားရုံးက ကြေညာ ခဲ့ပြီး အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။
လူသတ်မှုများ ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသူ ဘရီဗစ်အား အမြင့်ဆုံး ထောင်ဒဏ်ချမှတ်ရန် အစိုးရရှေ့နေများက နော်ဝေခရိုင်တရားရုံးမှ တရားသူကြီးများအား တိုက်တွန်းခဲ့သည်။ ယင်းပြစ်ဒဏ်မှာ ပြစ်မှုကျူးလွန်သူ သည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိသည်ဟု ယူဆပါက ဆက်လက် သက်တမ်းတိုးနိုင်သည်။ ၂၀၁၁ ဇူလိုင်လ ၂၂ ရက်က ဘရီဗစ်သည် အော်စလိုမြို့ရှိ အစိုးရအဆောက်အအုံများအား ဗုံးဖောက်ခွဲခဲ့ခြင်းကြောင့် လူရှစ်ဦး သေဆုံးခဲ့သည်။ ယင်းနောက် လက်ရှိအာဏာရ လေဘာပါတီ၏ လူငယ်များ စခန်းချ နေရာယူသော တေးယာကျွန်းပေါ်သို့ သွားရောက်၍ လူငယ်များအား သေနတ်ဖြင့် စိမ်ပြေနပြေ လိုက်လံ ပစ်ခတ်ခဲ့ရာ ၆၉ ဦး သေဆုံးခဲ့ရသည်။
လူသတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဘရီဗစ်က ဝန်ခံထားသော်လည်း ၎င်းသည် ရူးနှမ်းနေသူ မဟုတ်ကြောင်း သြဂုတ်လ ၂၄ ရက်တွင် တရားသူကြီးများက ဆုံးဖြတ်ချက် ချခဲ့သည်။ ၇ နာရီခွဲ ကြာမြင့်ခဲ့သော မာရသွန်ကြားနာမှုတွင် တရားသူကြီးများက ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ပြီးနောက် အဆိုပါ ပြစ်ဒဏ်အား အယူခံဝင်သွားမည် မဟုတ်ဟု ဘရီဗစ်က ပြောကြားပြီး တရားရုံး၏ ဥပဒေအရ အကျုံးဝင်မှုကို အသိအမှတ်မပြုဟု ထပ်မံ ပြောကြားခဲ့သည်။ Ref: Ria Novosti/AFP


7Day News
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

ဂါစီယာအား ပေါင် (၁၈)သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည့် မန်စီးတီး

မန်စီးတီး အသင်းသည် ဘင်ဖီကာ ကွင်းလယ် ကစားသမား ဂျာဗီဂါစီယာအား ခေါ်ယူရန် အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၈)သန်းဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ မန်စီးတီး အသင်းသည် ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင် (၁၅.၅)သန်း ပေးချေရမည် ဖြစ်ကာ အနာဂတ်တွင် ပေါင် (၂.၅)သန်း ထပ်မံပေးချေရမည် ဖြစ်ကြောင်း သိရသည်။ မန်စီးတီး အသင်းသည် ယခင်က ဘင်ဖီကာ အသင်းမှ တောင်းဆိုထားသည့် ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းကို ပေးချေရန် ဆန္ဒမရှိခဲ့သော်လည်း ယခုအခါတွင် ဘင်ဖီကာ အသင်းမှ ပေါင် (၁၈)သန်းအား လက်ခံလိုက်ခြင်းကြောင့် ဂါစီယာသည် အပြောင်းအရွှေ့ နောက်ဆုံးအချိန်တွင် မန်စီးတီး အသင်းသို့ ရောက်ရှိဖွယ် ရှိနေသည်။ ဂါစီယာသည် မန်စီးတီး အသင်းနှင့် ဆေးစစ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

Soccer
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed