အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ပုံတူကို မလေးရှား နိုင်ငံဖွား တရုတ် လူမျိုး အနုပညာ ဗိသုကာ ပညာရှင် မလေး ဟောင်ရီက ပန်းပွင့်ပေါင်း ၂၀၀၀ ဖြင့် ဇန်နဝါရီ ၂၄ ရက်နေ့က မလေရှား နိုင်ငံ Sutera Harbour Marina, Golf & Country Club တွင် ဖန်တီး ပြခဲ့သည်။ ဟောင်ရီသည် ၎င်းပုံတူ ဖန်တီး ရာတွင် ရေ၊ ဆေးရည် ထည့်ထားသော ပလက် စတစ်ခွက် အတွင်းသို့ ဇော်မွှား ပန်းအဖြူများ ထိုးစိုက်၍ ဖန်တီး ပြခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖန်တီးရာတွင် ပန်းပွင့် အဖြူသို့ အောက်ခံ ခွက်မှ ဆေးရည် သူမ လိုချင်သည့် အရောင် ရောက်အောင် နာရီ ၄၀ ကြာ စောင့်ခဲ့ ရသည်ဟုသိရှိရသည်။ ထို့အပြင် ဟောင်ရီသည် အခြား ဖန်တီးမှု များအဖြစ် နေကြာစေ့ များဖြင့် ပုံတူ ဖန်တီးခြင်း၊ ဖယောင်း စက်များဖြင့် ဖန်တီးခြင်း၊ ကော်ဖီများ ပက်ဖြန်း၍ ဖန်းတီးခြင်း ကဲ့သို့သော အနုပညာ ဖန်တီးမှု မျိုးလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အတွက် ကြိုးပမ်း လှုပ်ရှားခြင်းကို လေးစား အားကျသဖြင့် ယခုလို ဂုဏ်ပြု ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
Sunday, March 24, 2013
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
ရေးချင်တာလေးတွေရေးရအောင်