BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Sunday, March 24, 2013

ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ဘက်ခမ်းရပ်တည်

ပြင်သစ်မဂ္ဂဇင်း၏ဖော်ပြချက်အရ ပီအက်စ်ဂျီကွင်းလယ်လူ ဘက်ခမ်းမှာ ပေါင် ၃၀.၈သန်းဖြင့် တစ်နှစ်တာ
ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်ခဲ့သည်။ ဘက်ခမ်းမှာ ပီအက်စ်ဂျီမှရရှိသော ၅လအတွက် လစာငွေကို ကလေးသူငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သော်လည်း စပွန်ဆာဝင်ငွေများကြောင့် ယခုကဲ့သို့ဝင်ငွေအများဆုံး ဘောလုံး သမားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ပြီး adidas,samsung,sainsbury တို့နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုရာမှ ပေါင် ၂၈.၃သန်းရရှိခဲ့သည်။
ထို့အပြင်ဘက်ခမ်းမှာ တရုတ်စူပါလိဂ် သံတမန်အဖြစ် ထမ်းဆောင်ရန် ၅နှစ် စပွန်ဆာစာချုပ်အတွက် ပေါင်သန်း ၅၀ ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မက်ဆီမှာ ပေါင်သန်း ၃၀ဖြင့် ဒုတိယ၊ ရော်နယ်ဒိုမှာ ၂၅.၇သန်းဖြင် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ပေါင် ၃၉.၄သန်းဖြင့် တိုက် ဂါးဝုဒ်မှ ဦးဆောင်နိုင်ခဲ့ပြီး ဘက်ခမ်းမှာ အဆင့် ၇နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်