BS,PHOEKHAINGဘလော့ဂါကို လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊

စာမျက်နာ

Friday, March 8, 2013

အိုဘာမား၏အစ်ကို နိုင်ငံရေးလောကထဲ ဝင်ရန်ကြိုးပမ်းနေ

အမေရိကန်သမ္မတ ဘားရက်ဟူစိန် အိုဘားမား၏ အဖေတူအမေကွဲ အစ်ကိုဖြစ်သူ ရိုင်းအဘွန်အိုမာလစ် အိုဘားမားသည် မိန်းမ ၁၂ ယောက်ယူထား သူတစ်ဦး ဖြစ်ပြီး ကျောင်းသူ လေးဦးကိုလည်း နောက်တိုးမယား အဖြစ် ဖျားယောင်းနေသည်ဟု စွပ်စွဲခံထားရသည်။ ထို့ပြင် ၎င်းသည် သူ၏ မိန်းမများကိုလည်း ရိုက်နှက် လေ့ရှိသည်ဟု စွပ်စွဲခံထားရသည်။၎င်းသည် ယခုအခါ သမ္မတ အိုဘားမား၏ အရှိန်အဝါကို သုံးကာ နိုင်ငံရေး လောကထဲ ခြေချရန် ကြိုးပမ်းနေကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ မာလစ်အိုဘားမားသည် ဘားရက် အိုဘားမား၏ အဖေတူအမေကွဲ အကိုတစ်ဦး ဖြစ်ပြီး အာဖရိကတိုက်ရှိ ကင်ညာနိုင်ငံတွင် နေထိုင် သည်ဟု သိရသည်။ မာလစ်အိုဘားမားသည် ယခုအခါ တစ်နှစ်လျှင် အင်္ဂလန်ငွေပေါင် တစ်သိန်းကျော်နှင့် အခွင့်အရေး များစွာရရှိ မည့် ပြည်နယ် အုပ်ချုပ်ရေးမှူး ရာထူးကို ဘားရက် အိုဘားမား၏ အရှိန်အဝါဖြင့်ရ ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ ကင်ညာနိုင်ငံ စီယားယား ပြည်နယ်၏ အုပ်ချုပ်သူ ရာထူးအတွက် ရွေးကောက်ပွဲဝင်ရန် မာလစ်အို ဘားမားသည် ပြင်ဆင်နေပြီ ဖြစ်သည်။၎င်းသည် မိန်းမများကို ရိုက်နှက်တတ်သည် ဟူသော စွပ်စွဲချက်များကိုမှု နားလည်မှု လွဲသည့် ကိစ္စတစ်ရပ်အဖြစ် ငြင်းဆိုထားသည်။ ၎င်းသည် သမ္မတ အိုဘားမား ဖခင်၏ လေးယောက်မြောက် ဇနီးမှ၏ သားဖြစ်သည် ဟုသိရသည်။
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

0 comments:

Post a Comment

ရေးချင်တာလေးတွေရေးရအောင်